ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ လေ့ကျင့်

မြန်မာနိုင်ငံအတွင်း တိုးတက်လာသော စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ခေတ်မီစက်ကိရိယာများဖြင့် မီးငြှိမ်းသတ် လက်တွေ့ လေ့ကျင့်ခြင်းများ အား မီးသတ်ဦးစီးဌာနမှ အကြီးအကဲများ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မီးသတ် တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများတားဆီးကာကွယ်နိုင်ရေးနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ အခွင့်အရေးများရရှိနိုင်ရေးကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မင်းတပ်ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များအား GENDER/ CEDAW/ NSPAW အသိပညာပေး ဟောပြောပို့ချ

မင်းတပ်ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များအား GENDER/ CEDAW/ NSPAW အသိပညာပေး ဟောပြောခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားသည်။

သဲကုန်းမြို့နယ်တွင်းရှိ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဂွေးကုန်းကျေးရွာ အုပ်စု၊ သီးကုန်းကျေးရွာအပိုင်တွင်ရှိသည့် ၁၀ အိမ်စု အပိုင်မြေသားလမ်းလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြိုင် မြို့နယ်အတွင်း ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ထန်းဘူးတောကျေးရွာအုပ်စု ကန်ကြီးရိုးကျေးရွာနှင့် ကန်ကြီးကုန်းကျေးရွာများသို့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစ၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈) ဦး ဆေးရုံဆင်းခွင့်ရရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသ စောင့်ရှောက်မှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၈ ဦးသည် ရောဂါလက္ခဏာများ သက်သာပြီဖြစ်သည့်အတွက် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ က ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မီးသတ်စခန်း၌ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက ၄၄၀ ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းဖောက်လုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ညောင်ပင်-ကျည်းပင်ခုံကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက (၄၄၀)ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းတစ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ် -၁၉ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများနှင့် Mask များ ဖြန့်ဝေခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ် (၁) ရပ်ကွက်ရှိ တပင်ရွှေထီး​လမ်းစျေးတန်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ပြည်သူများ ကိုဗစ်-၁၉ရောဂါမှကာကွယ်နိုင်ရန် အသိပညာပေးခြင်း လုပ်ငန်း များနှင့် Maskများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒလသင်္ဘောဆိပ်ကမ်း၌ ခရီးသွား မိဘပြည်သူများ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ နှင့် လူသွားလူလာများပြားသော လမ်းဆုံလမ်းခွနေရာ များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသော ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ အခမဲ့ ပေးဝေခဲ့ကြသည်။

ပင်လယ်ကမ်းနားရွာ တစ်ရွာဖြစ်သည့် တာညုံပါဒကျေးရွာအတွင်း ကျေးလက်ပြည်သူအိမ်ထောင်စုများသို့ အခြေခံစားကုန်များ လှူဒါန်း

ကော့သောင်းမြို့ရှိ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ တစ်စိတ်တစ်ဒေသအဆင်ပြေကြစေရန် မြို့နေ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့လှူဒါန်းလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Subscribe to