တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ PPEဝတ်စုံများ ၊ ကျန်းမာရေးသုံးပစ္စည်းများ ၊ အလှူငွေများ လာရောက်လှူဒါန်း

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန် နှင့် ဆေးရုံတွင်လိုအပ်သောနေရာ အသုံးပြုနိုင်ရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ ဆေးရုံသို့ ယနေ့နံနက် (၁၀)နာရီက PPEဝတ်စုံများ ၊ ကျန်းမာရေးသုံးပစ္စည်းများ ၊ အလှူငွေများနှင့် စက်သုံးဆီ တို့ကို လာရောက်လှူဒါန်း ကြောင်းသိရသည် ။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ နွေစပါး ဧက(၅၀၀၀)ကျော်စိုက်ပျိုးရန် ရေပေးဝေသွားမည်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်း နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန် ရေပေးဝေသွားမည်ဖြစ်ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်း ထံမှသိရသည်။

ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုတွင် နယ်မြေ မီးသတ်စခန်း ပန္နက်တင် အခမ်းအနား ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုတွင် နယ်မြေ မီးသတ်စခန်း ဆောက်လုပ်ရန် ပန္နက်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာ မီးသတ်စခန်း တည်ဆောက်ရန် နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်နှင့် သီးနှံ အထွက်တိုး စေရန်အတွက် ကွင်းဆင်း ပညာပေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေး စင်တာ ဧရိယာ အတွင်းရှိ ဆောင်းသီးနှံစိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှု့အခြေအနေအား သိရှိရန်နှင့် သီးနှံအထွက်တိုးစေရန် ယနေ့နံနက် ၉ နာရီ အချိန်က ခင်မွန်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဘူတာကျေးရွာ၊ ချောင်းဦးတောင် ၊ ချောင်းဦးမြောက် နှင့် ရန်အောင်မြေကျေးရွာများကို စခန်းတာဝန်ခံ နှင့်ကွင်းဆင်းပညာပေးဝန်ထမ်းက ကွင်းထဲအရောက် နည်းပညာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် လမ်းများမှ အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်း ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အမှတ် ၁၀ရပ်ကွက်၊ ယင်းမာလမ်မှ အိမ်ထောင်စု ၅၆ စုအတွက် စားသောက်‌ရေး အဆင်ပြေစေရေးရည်ရွယ်၍ အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ပေးဝေ လှူဒါန်းခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရတနာ့ဗိမ္မာန်ပရိယတ္တိစာသင်ကျောင်းတိုက်သို့ အလှူတော်ငွေနှင့် ဆွမ်းဆန်၊ အခြေခံ စားသောက်ကုန်များနှင့် မျက်နှာ၊ နှာခေါင်းစည်း ( Mask) များလာရောက် ဆပ်ကပ် လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စခက်ခဲမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ အလှူတော်ငွေ၊ ဆွမ်းဆန်နှင့် အခြေခံစားကုန် များကို တိုင်းမင်းကြီးမိသားစု၊ တိုင်းဒေသကြီး ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ မှ ယမန်နေ့ နံနက်ပိုင်းက သိမ်ဖြူရထားရပ်ကွက်ရှိ ရတနာ့ဗိမ္မာန်ပရိယတ္တိစာသင်ကျောင်းတိုက်သို့ လှူဒါန်း ဆပ်ကပ်ခဲ့ကြကြောင်း သိရသည်။

သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀)ဦးထိ ဆေးရုံမှဆင်းခွင့်ရရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေ သော ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦး ဒီဇင်ဘာ ၂၅ တွင် ဆေးရုံဆင်းခွင့်ရပြီး (၂၀)ဦးထိ ဆေးရုံမှဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကော့ကရိတ်မြို့နယ်၊ ကုလား​ကျောက်ဖျာ​ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအတွက် လူထု စစ်ဆေးပွဲပြုလုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင် ရွက်နေသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ​​ကုလား ကျောက်ဖျာကျေးရွာအုပ်စု ​​ကုလားကျောက်ဖျာကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးပြီ ဖြစ်​သော​ကြောင့် ကျေးရွာလူထု၏ စိတ်ကျေနပ်မှုနှင့်ပတ်သက်၍ လူထုစစ်ဆေးပွဲကို ယမန်​နေ့ကအဆိုပါ​ကျေးရွာ တွင် ပြုလုပ်​ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း (၃၀)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၁၇)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင်(၃၀)ရာခိုင်နှုန်းပြီးစီးကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် ငလျင်ဘေးအန္တရာယ် ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သရုပ်ပြလေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ရာသီဥတုဖောက်ပြန်ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တာရယ် ငလျင်ဘေးဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ကျွန်းစု)၌ ဆောင်ရွက်ခဲ့သည်။
Subscribe to