လှိုင်းဘွဲမြို့နယ်တွင် ဦးခေါင်းပိုင်းရောဂါ ခံစားနေရသော ကလေးငယ်အား ဒုတိယအကြိမ် ထောက်ပံ့ငွေများ သွားရောက်လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာ ဦးကာတွန်းနေအိမ်ရှိ ဦးခေါင်းပိုင်းရောဂါ ခံစားနေရသော ကလေးငယ်အတွက် အလှူရှင်များမှ လှူဒါန်းသော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ဝေါကျယ်ကျေးရွာတွင် သောက်/သုံး​ရေအဆင်​ပြေ​စေရန်အတွက် ​ ​စိမ့်စမ်း​ရေသွယ်တန်းခြင်း လုပ်ငန်း အ​ကောင်အထည်​ဖော် ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်​​သမိုကျေးရွာအုပ်စု ​​ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်း​ရေသွယ်တန်းခြင်း(၅၂၈၀ ​ပေ) နှင့်​ရေ​လှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅​ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ ၁၂,၀၀၀,၀၀၀ကျပ်ဖြင့် စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်​ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်၊ ဥ​ဒေါင်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ဥ​ဒေါင်းကျေးရွာအုပ်စု ဥ​ဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်​ခဲ့ကြောင်းသိရသည်။

အောင်မြေသာစံမြို့နယ်တွင် မြေပြင်၌ အမှန်တကယ်ထောက်ပံ့ရမည့် အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းများအပြီးသတ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေး၊အောင်မြေသာစံမြို့နယ်တွင်မြေပြင်၌အမှန်တကယ်ထောက်ပံ့ရမည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများ အပြီးသတ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ၂၅ရက်မွန်းလွဲ၂နာရီခွဲက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးကတက်ရောက်အမှာစကားပြောကြားသည်။

မိုင်းယောင်းမြို့နယ်တွင် ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေးဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် Quarantine ဝင်ရောက်နေသူများအနက် Swab နမူနာယူရန် ကျန်ရှိသူ(၃၄)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာမှ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center တွင်ထားရှိ သူ(၁၄၅)ဦးအနက်၊ ဒီဇင်ဘာ(၂၂)ရက်နေ့အထိ၊ Quarantine ဝင်ရောက်ပြီး Swab ယူရန်ကျန်ရှိသူ(၃၄)ဦးအား ဒီဇင်ဘာ(၂၅) ရက်နေ့တွင် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။

မင်းဘူးမြို့နယ်၌ မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက် သီးနှံစိုက် တောင်သူများ အောင်မြင် ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မုံညှင်းနှင့် အခြားဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ မုန်ညှင်းစိုက်တောင်သူ ကိုထွေးထံမှ သိရ သည်။

ညောင်ဦးခရိုင်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ၂၀၂၀ခုနှစ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါး သီးနှံတစ်ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၅ရက် နံနက် ၈နာရီ အချိန်က သူကောင်းတည်မြစ်ရေတင် ကွင်းအမှတ် ၁၃၄၄ ရှိတောင် သူ ဦးနိုင်ဝင်း ၏ မိုးစပါး စိုက်ခင်းတွင်ကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာ န၊မှသိရှိရသည်။

ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တာဝန်ရှိသူများ အမှတ်(၆)သကြားစက်ရုံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ အမှတ်(၆)သကြားစက်ရုံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရေးအတွက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ စက်ရုံမှူး ဦးစိန်လှိုင်၊ လက်ထောက်စက်ရုံးမှူး ဦးတင်ဌေးနှင့် တာဝန်ရှိသူများသည် သကြားစက်ရုံရှိ ကြံတင်ယာဉ်မောင်းများအနေဖြင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်မှုနှင့် စက်ရုံအတွင်းရှိ ဝန်ထမ်းများအတွက် ကျန်းမာရေး သက်ဆိုင်သော အကာအကွယ် ဆောင်ရွက် ထားမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

မအူပင်မြို့တွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးကန်များနှင့် ငါးတင်ပို့သည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပသည်။
Subscribe to