သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး New Southern Policy ကော်မရှင်ဥက္ကဋ္ဌ Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုရီယား-မြန်မာချစ်ကြည်ရေး ဒလတံတားသို့ သွားရောက်ကြည့်ရှုလေ့လာ

ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး New Southern Policy ကော်မရှင်ဥက္ကဋ္ဌ Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကာ တံတားတည်ဆောက်နေမှု အခြေအနေများကို သက်ဆိုင်ရာ တံတားတည်ဆောက်နေသည့် ကိုရီယားနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များ၊ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များနှင့် တွေ့ဆုံကာ တံတားတည်ဆောက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဒိုက်ဦးမြို့နယ်မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ယမန်နေ့ညနေ(၅)နာရီအချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မိုးစပါး ရောင်းဝယ်မှုစျေးများ ကောင်းမွန်

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများ ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။

တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများ လာရောက် လှူဒါန်းပေးလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ကာယခွန်းအားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် သယ်ဆောင်လာသော ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိ

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင်သယ်ဆောင်လာသည့် ဆိုဒီယမ် ဆိုင်ရာနိုက် များအား ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထန်းတပင်၌ ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံနည်းလမ်းများအား အပတ်စဉ်လေ့ကျင့် ဆောင်ရွက်နေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေး ညီစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်ပုံ နည်းလမ်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အပတ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေးနှင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲသည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးခန်းအတွင်း မြစိမ်းရောင်(ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းဝေးနှင့်ဝန်ထမ်းများ အပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ပညာပေးဆွေးနွေးပြောကြားကြောင်း သိရှိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျုံပျော်မြို့နယ်ရှိ Facility Quarantine Centre များအတွက် ကျပ်(၂၅) သိန်းခန့်တန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ Facility Quarantine Centre များအတွက် ကျပ်(၂၅) သိန်းခန့်တန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းခြင်းကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to