မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက လမ်းဆုံကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပသည်။

မြောင်းမြမြို့၌ Mask (နှာခေါင်းစည်း)တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်းမပြုရန် အသိပေးပိုစတာများတပ်ဆင်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအားလိုက်နာစေရန်နှင့် ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရန် အတွက် ရည်ရွယ်၍ Mask (နှာခေါင်းစည်း) တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်း မပြုရန် အသိပညာပေး ပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းကမြောင်းမြမြို့နယ် အတွင်းရှိ စျေး(၁၆)နေရာ သို့ လိုက်လံတပ်ဆင်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မယ်စဲ့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအလိုက် ရေးဆွဲထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၏ အဆိုပြုလျာထားချက် အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်း နှင့် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်း ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ပထမ(၃)လပတ်တွင်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၃)ခုရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ကမာရွတ်မြို့နယ် လှည်းတန်းလူမှုကူညီရေးအသင်းသို့ အလှူငွေ (သိန်းခုနှစ်ဆယ်) လာရောက်လှူဒါန်း

ကမာရွတ်မြို့နယ်အတွင်း ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများ တွင် အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ်ကား ဝယ်ယူရန်အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလူမှုကူညီရေး အသင်းသို့ ယမန်နေ့ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် စက်ဘီးချစ်သူများမှ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများကျန်းမာ ကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှု ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စက်ဘီးချစ်သူများမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှုကို ယနေနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို တက်ရောက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to