ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသမီးတစ်ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင်ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသမီးတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။