ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန် မြို့နယ်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် Upper KMN မှ ကလေးဗဟိုပြုလူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေး

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးဆောင်ရွက် သူများ အဖွဲ့(Upper KMN)မှ ကလေးဗဟိုပြု လူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့ ပြည်တော်သာ ရပ်ကွက်ရှိ၊ကောင်းမှုပြည့် ကျောင်းတိုက်တွင်ပြုလုပ်ခဲ့ သည်။

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကိုယနေ့ နံနက်၉နာရီခွဲကပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၉)ရှိ SemiL ockdown ချထားသောနေရာနှင့်၂၁ လမ်းနှင့်၂၂ လမ်းကြား၊ ၈၃ လမ်းနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်း၊ တံတား လုပ်ငန်းပေါင်း ၁၁ ခုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရေး လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်စုစုပေါင်း ၄၁၉၀၉၀၀၀သိန်းဖြင့် လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၁ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း များကို ယမန်နေ့ ည ၇ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ဖြင့် ရပ်ကွက်/ကျေးရွာများ သို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သုံးဘီးအမှိုက်သယ်ယာဉ်တစ်စီးလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်အတွင်း အမှိုက်သိမ်း ဆည်းရာ၌ အထောက် အကူဖြစ်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၎င်းတို့၏ လစာငွေများဖြင့် ကျပ် ၃၅ သိန်းတန် သုံးဘီး အမှိုက်သယ်ယာဉ်တစ်စီးအား မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့သို့ ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် တရားရုံးတွင် စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်(NCMP)မိတ်ဆက်ရှင်းလင်းဆွေးနွေးသည့်အခမ်းအနားဆောင်ရွက်

ကော့သောင်းခရိုင်တရားရုံးတွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Progran (NCMP) နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ဆွေးနွေးသည့်အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ကျင်းပသည်။

ဒုတိယအကြိမ်မြောက်ကယားပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆောင်ရွက်

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် (၁၀:၀၀)က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။

ကော့သောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် Social Distancing နှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။

သားငါး ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ရန်ကင်းမြို့နယ်အတွင်း သက်သာသော ဈေးနှုန်းဖြင့် လိုက်လံရောင်းချပေး

ရန်ကင်းမြို့နယ်နေပြည်သူများ သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာ ဖြင့် ဝယ်ယူရရှိစေနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်နှင့် သန့်ရှင်း လတ်ဆတ်သော စားသောက်ကုန်များကို မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီက ရွေ့လျားယာဉ်ဖြင့် မြို့နယ်အတွင်း လိုက်လံရောင်းချပေးခဲ့သည်။
Subscribe to