သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့် သံဖြူဇရပ်မြို့နယ် အတွင်း ဝဲဝင်ကရာ ဝါးဘိုးတောင်၊ ဖဲပဒေါ ၊ ဝဲဟတာ ကျေးရွာချင်းဆက်လမ်း လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့ သည်။

ပြည်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ပြည်မြို့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံမှ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာသစ် (၃) ဦးထပ်တိုးတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ် (၇၁)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၃၉)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ၌ အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ်၊ အကွက်အမှတ်(၇)တွင်နေထိုင်သော ယာဉ်မောင်း အမျိုးသား(၁)ဦးနှင့် ကသာမြို့ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သော ယာဉ်မောင်းအမျိုးသား(၁)ဦး ထံတွင်လည်းကောင်း ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ နွမ်းပါးအိမ်ထောင်စုများသို့ စားနပ်ရိက္ခာများ လှူဒါန်း

သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အခြေခံ နွမ်းပါးသက်ကြီးရွယ်အို အိမ်ထောင်စု(၁၀၀)သို့ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့နှင့် We Love ThanLyin အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်က သက်ကြီးရွယ်အို နွမ်းပါးအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့သည်။

စုကလိမြို့ ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်လာရောက်လှူဒါန်း

ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင်(ကျောက်ဆည်) ရေးသားသော ဘဝရီးကြမ်း လျှောက်လှမ်း နေသူတိုင်းအတွက်နင်လားဟဲ့ဘဝ စာအုပ်ကို စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး ပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား ယခင် သန်လျင် မြို့၊ မြို့ဟောင်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းမကြီး၌ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာမှ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ သန်လျင်မြို့၊ ဘုရားကုန်း ကျေးရွာ၊ ဇာမဏီအနောက်ကွင်း၊ သီလဝါလမ်းကြီးဘေးရှိ ခရိုင်ရုံးအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နေပြီဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ရန်ကုန်တောင်ပိုင်း ခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့်ကွန်ကရစ်တံတား ဆောင်ရွက်မှုလုပ်ငန်း(၆၅)ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ(၆၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

ကျွန်းစုမြို့တွင် ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွက် စည်ပင်ဘတ်ဂျက်‌ ရေးဆွဲရန် စာရင်းပြုစုခြင်း အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက် ရန် အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား စာရင်းပြုစုခြင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပင်လယ်ပိုင်း၊ လယ်တောပိုင်း၊ ဥယျာဉ်ပိုင်းခွဲ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ပြင်ဘုငယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်း လင်းပွဲနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီ က ပြင်ဘုငယ်ကျေးရွာ အလက ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to