တောင်ဥက္ကလာပမြို့နယ် အ.မ.က(၉)ကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများ အား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အမှတ်(၉) အခြေခံ ပညာမူလတန်းကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့သည်။