ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ လိုက်နာမှုပါက ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ စားသောက်ဆိုင်(၅၄)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း၊ ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ဆိုင်များအား ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝ ဘေးအန္တရယ် ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦ တည်ဆောက်ရန်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ မြို့နယ်အားကစားကွင်း၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရန် မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီခွဲအချိန် က အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျံကျဈေးသည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျဈေး သည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချ မှုရှိ/မရှိ နေ့စဉ် ညနေ(၃)နာရီချိန်တွင် တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့်Facility Quarantine Centre များတွင် အသုံးပြုရန်ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့်တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)၊Facility Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးနိုင်ရန် ကျန်းမာရေးသုံးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးရုံးခန်းမတွင်ဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖားကန့် လုံးခင်းတိုက်နယ်ဆေးရုံအား ယာယီအသွားအလာကန့်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံ၌ ယမန်နေ့ည (၉)နာရီခွဲခန့်က ကိုယ်ဝန်ဆောင်လူနာအမျိုးသမီးတစ်ဦးအား အရေးပေါ်ခွဲစိတ်ကုသပေးပြီးနောက် လူနာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကနဦး စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆေးရုံကို ယာယီ အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ Positive အချုပ်သားများ ထားရှိကုသနိုင်ရေး အချုပ်ထောင်ပြုလုပ်ရန် အစည်းအဝေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ Quarantine Centre တွင် ကိုဗစ်-၁၉ Positive အချုပ်သားများ ထားရှိကုသနိုင်ရေး အချုပ်ထောင် ပြုလုပ်ရန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ရိုးမရိပ်သာ စျေးရုံ တွင် ပြုလုပ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ကြိုတင် ်စီမံဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် ကြိုတင် စီမံဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ Campaign ပြုလုပ်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ တွင်ရွှေ့ပြောင်းသွား လာသူများ အနေဖြင့် ဘေးကင်းလုံခြုံပြီးကျန်းမာစွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ယနေ့န့နက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ကမြောကင်းလမ်း၊ကမြောကင်းတံတားအနီး၊ မီးပွိုင့်လမ်းဆုံတွင် ထားဝယ်မ ြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ CAMPAIGN ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to