ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာနှင့် လူမှုအသင်းအဖွဲ့များ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက ဒီးမော့ဆိုမြို့ ကရုဏာခန်းမ၌ ကျင်းပသည်။