Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်၌ မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မာဃလမ်းမကြီးအား စက်ယန္တရားများဖြင့် AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးမွေးကန်များ ဧကမှန်ကန်ရေးနှင့် နိုင်ငံတော်မှ ထောက်ပံ့သည့် ငါးများရှင်သန်ကြီးထွားမှုအား ကွင်းဆင်းစစ်ဆေး
Dec 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ၏ မြေပြင်တွင် အမှန်တကယ် ငါးမွေးမြူခြင်း မရှိသည့် ငါးမွေးကန်များအား စာရင်းမှ ပယ်ဖျက်စာရင်း တင်ပြနိုင်ရေးနှင့် အမှန်တကယ် ငါးမွေးကန်များ စာရင်းမှန်ကန်စေရေး နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး အစီအစဉ်အရ ထောက်ပံ့ပေးထားသည့် ငါးမျိုးများ ရှင်သန်ကြီးထွားနှုန်း များကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဌာနမှူး ဦးအေးနိုင်နှင့် ခရမ်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးတင့် တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် ယမုံနာ(၁)ရပ်ကွက်တွင် အများပြည်သူ အသုံးပြုကစားနိုင်စေရန်အတွက် (Outdoor Fitness) ပစ္စည်းများ ထားရှိဖွင့်လှစ်
Dec 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက် အသောကရာမ ကျောင်းတိုက်အရှေ့တွင် အများပြည်သူ အသုံးပြုကစားနိုင်စေရန်အတွက် (Outdoor Fitness) ပစ္စည်းများထားရှိ ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဦးကျော်စိုးအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီသို့ ဆန်များလှူဒါန်း
Dec 31,2020
ဂန့်ဂေါမြို့နယ်၏ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပါရမီရှင် နာရေးကူညီမှုအသင်းက မြောက်ကုန်း ရပ်ကွက်ရှိ သဘင်ခြံ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့် ကော်မတီသို့ ဆန်အိတ်အလုံး ၈၀ ကို ယနေ့နံနက်တွင် ပေးအပ် လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဝန်းသိုမြို့နယ်အတွင်း လုပ်ငန်းများကွင်းဆင်းစစ်ဆေး
Dec 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်သည် ယမန်နေ့ က ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဖလဲတန်းရပ်ကွက်တွင်းလမ်း အရှည် ၅၄၀ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဦးအောင်မြတ်ခန်းမဆောင် အသစ်ဆောက်လုပ် နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် အ.မ.က(၁၇)ကျောင်း၌ လူထုအခြေပြု ဖျားနာကုသ အခမဲ့ဆေးခန်း ဖွင့်လှစ်
Dec 31,2020
အပြည့်အစုံ ဖတ်ရန်
ကြံမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်နှင့် စိုက်ပျိုးနည်း စနစ်စံပြကွက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လက်တွေ့ သရုပ်ပြသ နည်းပညာပေး
Dec 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်မြို့နယ်၊ အင်ပင်သာကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ တောင်သူ ဦးအုန်းရွှေ၊ ကွင်းအမှတ်(၂၀၂၀) စိုက်ကွင်းအတွင်း ဆောင်းရာသီ ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် စိုက်ပျိုးနည်းစနစ် စံပြကွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေး လက်တွေ့သရုပ်ပြသ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်ရှိ ပြည်သူများ၏ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင် စက်ရုံစီမံကိန်း ၅၀ ရာခိုင်နှုန်းပြီးစီး
Dec 31,2020
ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး နှင့် နွေရာသီကာလ ရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာ အုပ်စု ဘုရားကြီးစုကျေးရွာ၌ လယ်မြေ (၁၉.၈၄) ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူပြီး ရေသန့်စင်စက်ရုံ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာ၌ မြေနေရာပြုပြင်လုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးပြီ ၊ အချင်း ၆၃၀ မီလီမီတာ ( ၂၄ လက်မ)ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်းလုပ်ငန်းများအနေဖြင့် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27853
Page
27854
Page
27855
Page
27856
Current page
27857
Page
27858
Page
27859
Page
27860
Page
27861
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department