အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရေမြောင်းတူးဖော်ခြင်း၊ ကွန် ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ် (၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
Dec 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်း တစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
Dec 31,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေး လုပ်ဆောင် လျက်ရှိသော အသက်အာမခံ၊ မီးအာမခံ၊ သူတပါးထိခိုက်မှုအာမခံ၊ ရေကြောင်း အာမခံနှင့် ခရီးသွား အာမခံတို့မှ ဝင်ငွေအဖြစ် ငွေကျပ်(၈၃၉.၉၁၇)သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)ရုံးမှ သိရသည်။
Dec 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပိုင်း (၉)ခုတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် လမ်းပိုင်း(၅)လမ်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်(၂)လမ်း၊ လွှတ်တော်ကိုယ်စားလှယ် ခွဲ‌ဝေရန်ပုံငွေဖြင့် (၂)လမ်း စုစုပေါင်း လမ်းပိုင်း(၉)နေရာတွင် ကွန်ကရစ်လမ်းများ ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ရာ ယခုလအတွင်း ခေမာလမ်းနှင့် မင်္ဂလာလမ်းခင်းကျင်းပြီးစီးခဲ့ပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့ မှစတင်၍ မြို့မရပ်ကွက်၊ သုခလမ်းအရှည် (၃၃၅ပေ)ပေ၊ လမ်းအကျယ်(၁၅ပေ)ပေ၊ ထု(၈လက်မ)ကို ဆက်လက်ခင်းကျင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Dec 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (၆၄ဒသမ၀၅၄)ကျပ်သန်းဖြင့် လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား (၂၀/၀)မိုင် အနက်(၂၄)ပေအကျယ်‌ မြေသားလမ်း (၁/၀)မိုင် ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် (၅×၅×၂၆)ပေ Box Culvert (၂)စင်းတည်ဆောက်နေမှုကို ယမန်နေ့က ဌာနမှတာ၀န်ရှိသူများ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Dec 31,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၃)ရပ်နှင့်အညီ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းကျေးရွာရှိတောင်သူ ဦးစောပေါလု၏ Home Garden တွင် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။