Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Dec 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 29,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မြို့အတွင်းဝင်/ထွက် စာရင်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက…
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေစေရေး အတွက် ထုတ်ပြန်ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ၊မရှိ ယနေ့ နံနက်ပိုင်းအချိန်က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၌ အာဆီယံ အပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR)အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ(၄၈)တန်အား ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင…
Dec 29,2020
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကပ်ရောဂါ ရင်ဆိုင်ခံစားနေရသော ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတ နိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာ (၄၈)တန်အား ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတစ်ဆင့် ပြည်နယ်အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပြုလုပ်
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ခန္တီးမြို့ခရိုင် စီမံခန့်ခွဲမှုကော်မတီအစည်းဝေခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ(၇/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (၇/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်း မြို့နယ်တွင်မီးဘေးအန္တရာယ် ဖြစ်ပွားသည့်အခါ အဆင်သင့်အသုံးပြုနိုင်ရေး မီးသတ်ရေတွင်းများ လိုက်လံစစ်ဆေး
Dec 29,2020
မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းခြောက်သွေ့သောကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မီးငြိမ်းသတ်ရေး သီးသန့်စီစဉ်ထားသော အဝီစိ ရေတွင်းများ ကောင်းမွန်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေး
Dec 29,2020
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဟားခါး မြို့နယ်၊ ဗန်ဟားကျေးရွာတွင် ယမန်နေ့မှစတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27855
Page
27856
Page
27857
Page
27858
Current page
27859
Page
27860
Page
27861
Page
27862
Page
27863
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department