အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု နောင်ကွတ်-မံစီကြီးကျေးရွာချင်းဆက်မြေသားလမ်း ကိုယ်ထူကိုယ်ထဆောင်ရွက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၂၂ ရက်က စတင်၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း မံအင်မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
Dec 25,2020
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 25,2020
ကိုရီယားသမ္မတနိုင်ငံသမ္မတရုံး၏ စီးပွားရေးအကြံပေး New Southern Policy ကော်မရှင်ဥက္ကဋ္ဌ Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကာ တံတားတည်ဆောက်နေမှု အခြေအနေများကို သက်ဆိုင်ရာ တံတားတည်ဆောက်နေသည့် ကိုရီယားနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များ၊ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များနှင့် တွေ့ဆုံကာ တံတားတည်ဆောက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Dec 25,2020
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ယမန်နေ့ညနေ(၅)နာရီအချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Dec 25,2020
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများ ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။
Dec 25,2020
သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင်သယ်ဆောင်လာသည့် ဆိုဒီယမ် ဆိုင်ရာနိုက် များအား ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Dec 25,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေး ညီစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်ပုံ နည်းလမ်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အပတ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 25,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲသည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးခန်းအတွင်း မြစိမ်းရောင်(ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းဝေးနှင့်ဝန်ထမ်းများ အပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ပညာပေးဆွေးနွေးပြောကြားကြောင်း သိရှိရသည်။