အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် အပြင်သွားလာရာတွင် နှာခေါင်းစည်း(Mask)နှင့် Face Sheild များ မဖြစ်မနေ တပ်ဆင်သွားလာ တတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး
Dec 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သံတောင်မြို့ (၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံအတွက် ကျပ် (၆၉) သိန်းတန်ဖိုးရှိ Ultrasound Machine စက်တစ်လုံးအား ယမန်နေ့ညနေ (၃) နာရီအချိန်က သံတောင်မြို့ ပြည်သူ့ဆေးရုံခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကျောက်ဆည်အသင်း (ရန်ကုန်) မှ ကိုဗစ် - ၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၃၀) ပေးပို့လှူဒါန်းခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် ဂေသရှေမန် လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာတွင် ဒီဇင်ဘာလ၂၁ရက်မှစ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့သည်။
Dec 23,2020
ရှမ်းပြည်နယ်၊ ညောင်ရွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဒေသတွင်းရှိ မွေးမြူရေးတိရစ္ဆာန် များ အား ရောဂါကာကွယ်ဆေးများ ထိုးနှံမှုလုပ်ငန်းများကို ယခုလဆန်းပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Dec 23,2020
သောက်သုံးရေအခက်ကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များသို့ သောက်သုံးရေဂါလံ ၉၀၀၀ ကို မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်၊ ညောင်ရွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဒေသတွင်းရှိ မွေးမြူရေးတိရစ္ဆာန် များ အား ရောဂါကာကွယ်ဆေးများ ထိုးနှံမှုလုပ်ငန်းများကို ယခုလဆန်းပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။