အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 23,2020
Coronavirus Disease 2019 (Covid-19) ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် အသိပေးနှိုးဆော် ခဲ့ကြသည်။
Dec 23,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသခံပြည်သူများအား ကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာကြစေရန် မျက်နှာ နှာခေါင်းစည်းအကာများ အခမဲ့ဖြန့်ဝေပေးနေမှုကို ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ပြည်ထောင်စုလမ်းမတစ်လျှောက်၊ မြို့မဈေးတို့တွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ၊ အမှတ်(၅)ကျေးရွာအုပ်စု ၊ အမှတ်(၅)ကျေးရွာတွင် အားမာန်သစ် လယ်ယာစိုက်ပျိုးရးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာနယ် မြေ အတွင်းရှိ မန်လည်ကျေးရွာ တောင်သူ ဦးအောင်ကျော်စိုး စိုက်ပျိုးထားသော