Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းရှူးမြို့နယ် ဝမ်ကန်-နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ဝမ်ကန်-နမ့်ဆတ်- ဟိုဆိုင်ကျေးရွာ ချင်းဆက်မြေသား လမ်း(၃/၀)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၁၂ရက်နေ့မှ စတင်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့ လူစည်ကားရာနေရာများတွင် ပြည်သူများနှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Dec 23,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၇) နာရီခွဲ အချိန်က နာရီစင်လမ်းဆုံနှင့် မြစည်းခုံဘုရားကြီးဈေးတို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ အုန်းတပင်ကျေးရွာတွင် သွား/လာရေး အဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Dec 23,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထု ဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျားကျေးရွာအုပ်စု အုန်းတပင်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ တတိယအပတ် မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူဦးရေ (၁၈၇၂)ဦးအား ထောက်ပံ့နိုင်ခဲ့
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဘိုကလေးမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ မသန်စွမ်းသူ (၁၈၇၂)ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် ဝေဖာထုတ်များအား အပူပေးပါကင်ထုတ် ထပ်ထားရာမှ မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁၂၀)ကျော်ဆုံးရှုံး
Dec 23,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက်အမှတ် (၄၀၅-A) အုပ်ကျင်းရပ်ရှိ ဦးဟိန်းထက်အောင် ပိုင်ဆိုင် သော နေအိမ်တွင် ဒီဇင်ဘာလ (၂၃)ရက် နံနက်(၁နာရီခွဲခန့်က ဝေဖာထုပ်များအား အပူပေးပါကင်ထုတ် ထပ်ထားရာမှ အောင်းအပူဖြစ်ပွားပြီး ဝေဖာထုတ်များနှင့်အနီးရှိ ကြေငြာစက္ကူများမှတဆင့် မီးလောင်မှုဖြစ်ပွားသောကြောင့် ကျပ်သိန်း (၁၂၀)ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ အကွက်(၁၅၉)တွင် Semi-Lockdown ချထား၍ အသွားအလာများ ကန့်သတ်ပိတ်ပင်
Dec 23,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ အကွက် (၁၅၉) တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာများနှင့် အနံ့မရရှိသူများ များပြားလာသဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ Semi-Lockdown ချထား၍ အသွားအလာများ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် Quarantine ဝင်ရောက်နေသူများအနက်(၇၂)ဦး ဆေးရုံတက်ရောက်ဆေးကုသနေသည့် အနံ့ပျောက်သူ(၁)ဦးနှင့် ဆရာဝန်(၂)ဦး ပေါင်း(၇၅)ဦးကို Swab ယူစစ်ဆေးရာမှ…
Dec 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေ သူ(၁၄၆)ဦးမှ ပထမအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၁၄)ဦး၊ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၅၈)ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် ဆေးရုံတက်ရောက်ကုသနေသူ(၁)ဦး နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ဆရာဝန်(၂)ဦး စုစုပေါင်း(၇၅)ဦးကို၊ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် SWAB နမူနာရယူ၍ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦး ပေါင်း(၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းအမှတ်စဉ် (၃/၂၀၂၀) သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးခ…
Dec 23,2020
သာပေါင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာမှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ် (၃/၂၀၂၀) သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ အောင်မင်္ဂလာ ကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ညနေ ၃ နာရီအချိန် က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27899
Page
27900
Page
27901
Page
27902
Current page
27903
Page
27904
Page
27905
Page
27906
Page
27907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department