အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
ကယားပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် အတွက် သင်တန်းများ သင်ကြားပို့ချပေးလျက်ရှိရာ ရပ်ရွာအခြေပြု မုန့်မျိုးစုံသင်တန်းနှင့် သီးယို ၊ သီးစိမ် သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Dec 22,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်ရှိ လူသွားလူလာ များပြားလျက်ရှိသော နေရာများအပြင် ကျေးရွာများတွင်လည်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန် အရှိန်အဟုန်မြှင့် ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 22,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အ‌ေးပြေးကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၅၃ ဦးကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ်ကော်မတီက အတည်ပြုထုတ်ပြန်ခဲ့ပြီး ရေနံချောင်းမြို့နယ်တွင် စုစုပေါင်းကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၁၀၃ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
Dec 22,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများအား သောက်သုံးရေ သွားရောက်လှူဒါန်း လျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်က ဒေါဖုကျေးရွာအုပ်စု ဒေါဆိုခူကျေးရွာတွင် ရေဂါလံ ၂၂၅၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 22,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ လူမှုကူညီရေးအသင်းသို့ ကျန်းမာရေးလုပ်ငန်းများ အသုံးပြုရန် အတွက် PPE ဝတ်စုံများနှင့် အလှူငွေလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက လူမှုကူညီရေးအသင်းရုံးသို့ အလှူရှင်များ က အသီးသီးလာရောက်လှူဒါန်းကြကြောင်းသိရသည် ။
Dec 22,2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့၏ ရေနံ ဓာတ်ငွေ့ရည်လုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ လူမှု့ရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းနားကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂)၊ (၃) ရေနံဓာတ်ငွေ့စက်ရုံ (ညောင်တုန်း) ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 22,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောက်ရွက်ခဲ့သည်။