Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေး အဆိုပြု လွှာ စာအိတ်(B)များ ဖွင့်ဖောက်စစ်ဆေး
Dec 23,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ် အတွင်းဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ငွေကြေး အဆိုပြုလွှာစာအိတ်(B)များကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ် တင်ဒါကော်မတီ ဥက္ကဌနှင့်တာဝန်ရှိသူများ ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ တောင်သူအကျိုးပြု လယ်မြေဧက(၁၅၀၀)အကျိုးပြုသည့် နောင်အယ် ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်း အကောင် အထည်ဖော်…
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာ အုပ်စုအတွင်းရှိ ဘန့်ဗွီးချောင်းကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့ပေါ်ရှိ A အဆင့် စားသောက်ဆိုင် ၄ ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ရောင်ချခွင့် ပြုမည်
Dec 23,2020
ကျောက်မဲမြို့ပေါ် ရှိ စားသောက်ဆိုင်ကြီး ၄ ဆိုင်သည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည့် စည်းကမ်းချက်၊သတ်မှတ်ချက် ဗားရှင်း 2.0 နှင့်အညီ ဆောင်ရွက်ထားသောကြောင့် အဆိုပါဆိုင်များအား ယနေ့မှ စတင်၍ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 22,2020
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ အမျိုးသမီးကော်မတီမှ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အမျိုးသမီးကော်မတီမှကျင်းပ ပြုလုပ်သည့် အသိ ပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အင်းရင်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်ရှိ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာအား ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရ
Dec 22,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာအား ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ
Dec 22,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ရောဂါပျောက်ကင်း၍ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ထွန်းဝင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာအတွက် ဆိုလာမီးနှင့် ဆန်အိတ်များထောက်ပံ့
Dec 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)အတွက် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသော ဆိုလာမီးနှင့် ဆန်အိတ်များကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့် က ကြူကော်ယွင်ကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27908
Page
27909
Page
27910
Page
27911
Current page
27912
Page
27913
Page
27914
Page
27915
Page
27916
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department