အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
Dec 23,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၂၀) ရွာမှ ကျေးရွာတာဝန်ခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ ကို ယမန်နေ့ နေ့လယ်(၂)နာရီက ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 23,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ယမန်နေ့နေ့လယ် ၃:၃၀နာရီက တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အဖွဲ့က ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန် ပုံငွေဖြင့် ကွီးလေးကျေးရွာအုပ်စု၊ ကမားထကျေးရွာ အခြေခံပညာ မူလတန်း ကျောင်း၏ ဆရာ/မများနေ ထိုင်ရန်အတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းကို စတင်အကောင်အထည် ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Dec 23,2020
ပဲခူးတိုင်း​​ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ထမ္မကောက်အုပ်စု၊ ထမ္မကောက်ရွာနှင့် သခွတ်စောက် အုပ်စု၊ ကျောင်းကုန်းရွာတို့တွင် ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်မည့် VDP အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၂၀) သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂) မိုင်ကို ဒီဇင်ဘာလ ဒုတိယပတ်က စတင် ဖောက်လုပ်လျက်ရှိပြီး ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 23,2020
နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ငါးရွာအုပ်စု ဥယျာဉ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက စတင်၍ လျှပ်စစ်မီးထွန်းလင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
Dec 23,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဈေးဝယ်သူ/ ဈေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။