အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဗိုလ်ချိုဈေးအတွင်း (ငါးရက်တစ်ကြိမ်ဈေး) လာရောက်ကြသည့် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ် တာဆီးနိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Dec 23,2020
ကရင်ပြည်နယ်၊​ ကော့ကရိတခရိုင်၊ ​ ကော့ကရိတ်မြို့၌ ခရိုင်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ရုံးသစ်ကို ယ​နေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကျေးရွာအဆင့်လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းနား ကျေးရွာ ဩဟိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့ မြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ထောက်ခံချက်များစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များဖြစ် သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အသိပညာပေးနှိုးဆော် ခြင်းများ ကို ယမန်နေ့ နံနက်(၈)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပေါက်တောကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီက ကျင်းပခဲ့သည်။
Dec 23,2020
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီခွဲက ပြည်သူ့အတွက် တိုင်းရင်းဆေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း
Dec 23,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့  နံနက်ပိုင်းက  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ် အဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် နှင့် မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများလိုက်ပါ၍  မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။