အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ယနေ့နံနက် (၉)နာရီအချိန်ခန့် က ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့သည်။
Dec 22,2020
နမ္မတူမြို့နယ်၌ မြို့နယ်ကျန်းမာရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 22,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ငရုတ်သီး ခြောက်ပေါ်ချိန်တွင် ငရုတ်သီးခြောက်ဈေး မကျရန်မျှော်လင့်နေရကြောင်း ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းမထိတောင်ရွာ ငရုတ်သီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Dec 22,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် သက်ဆိုင်ရာနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ခက်ခကျေးရွာ တောင်သူ ဦးညွန့်ဝင်း၏ နေအိမ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုး တောင်သူများအား သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်းသိရသည်။
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်း ခဲ့ရသည့် ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာမှ အိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်းသိရသည်။
Dec 22,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန်ရိက္ခာဆီ တန်ချိန် (၅၉)တန် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ် အရေးပေါ်ရိက္ခာဆီ လက်ခံ၊ သိုလှောင်ထိန်းသိမ်းရေးအဖွဲ့များမှ ယနေ့ မွန်းလွဲ ၁၂နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Dec 22,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင်း၌ ဒေသခံပြည်သူများက ယနေ့ နံနက်ပိုင်းတွင် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 22,2020
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား နိုင်ငံတော် အစိုးရမှ အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေး အပ်ပွဲ ကို ယနေ့နံနက် ၉ နာရီက အမှတ်(၅ရပ်ကွက်၊ဓမ္မာရုံနှင့် အမှတ် (၇) ရပ်ကွက်ဓမ္မာရုံ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။