အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ထီးမိုးခီးကျေးရွာတွင် အသက်နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Dec 09,2020
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၇၈) ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၁၆၄၅)ဦးထိ ရှိပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
Dec 09,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၄)ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသူအားလုံးမှာ ကန်ရေကျေးရွာမှဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။
Dec 09,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Dec 09,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးလှမျိုးရွှေဦး ဆောင်၍ အစိုးရအဖွဲ့မှ သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်း၊ တိုင်းသစ်တောဦးစီးဌာန
Dec 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၈)နာရီတွင်စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 09,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အမှတ်(၁)ရပ်ကွက်ရှိ ခုံခမ်းအခြေခံပညာအလယ်တန်းကျောင်း Facility Quarantine Centre ၌ အသွားအလာကန့်သတ်ထားရှိသူ (၂၂) ဦးအား ယမန်နေ့နံနက် ( ၉ ) နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ရာ ရွှေကူမြို့ အမှတ်( ၁ ) ရပ်ကွက်၊ ခုံခမ်းရပ်နေသူ အမျိုးသမီး(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများခံယူလျက်ရှိသည်။