အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းစပါးစိုက်တောင်သူများ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ကျေးရွာအုပ်စု တစ်အုပ်စုတိုင်း၌ တစ်ဆင့်မြင့်သော ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းတစ်ကွက် စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ် စိုက်ပျိုးထားသော မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများမှ single plant စိုက်ပျိုးထားသည့် အကွက်တစ်ကွက်ချင်းစီအလိုက် သီးခြားပြီး ရိတ်သိမ်း၊ နေလှန်း၊ ထုတ်ပိုးကာ မျိုးစေ့စုဆောင်ခြင်းများ ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ထားဝယ်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
နှစ်တစ်ရာပြည့်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အတွဲ(၄)၊အမှတ်(၇)ကို ပြည်သူများလေ့လာ သိရှိနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက ယနေ့နံနက်၈နာရီ အချိန်က လူစည်ကားရာ အောင်မင်္ဂလာ(၂)ဈေးအတွင်းဈေးသွားဈေးလာများနှင့် ခရီးသွား ပြည်သူများအား အခမဲ့ဖြန့်ဝေပေးကြသည်။
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လယ်ပြင်အုပ်စု၊ မိုးယူကျေးရွာ မြို့မနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးမြင့်ဆွေ၏ လယ်မြေကွက် ကွင်းအမှတ် ( ၁၀၂၉ ) တွင် နမသလေး မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို online စနစ်ဖြင့် ယနေ့နေ့လည် (၁)နာရီက မြို့နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ နေ့ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၈ ရက်နေ့က အများပြည်သူများအား လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ကယား ပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖား​ဆောင်းမြို့ရှိ ​​စျေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းသွား လမ်းလာလူစည်ကားရာ နေရာများ၊ ကားဂိတ် များနှင့် ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 08,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ ရောင်းမော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဘောလုံးကွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။