အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြို့မစျေးနှင့် အမှတ်(၅)စျေးအတွင်းရှိ ဈေးဆိုင်များ ဝါးပြားလမ်းဆုံနှင့် လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့မ စည်ပင်သာယာဈေး အတွင်း လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 08,2020
ပြန်ကြားရေး၀န်ကြီးဌာန၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာ​စောင်များကိုယ​နေ့နံနက်(၈)နာရီက မန္တလေးတိုင်း​ဒေသကြီး၊​ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက လူစည်ကားရာ​နေရာများနှင့်​မြို့မ​စျေး အတွင်း သွား​ရောက်၍ အခမဲ့ဖြန့်​ဝေ ပေးခဲ့​ကြောင်း သိရသည်။
Dec 08,2020
မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ အရှည် ၄၂၀ ပေ၊ အကျယ် ၂၀ ပေ ရှိသည့် ညောင်ဦးဖီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေကျပ် ၂၁ သိန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၁)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay At Home ကာလအတွင်း၊ မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာ များမှပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ကာ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏