အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်
Dec 08,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ငါန်းဇွန်မြို့မစည်ပင်သာယာဈေးအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၇နာရီခွဲမှ စ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာဆရာတော်(၁)ပါးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယနေ့ နေ့လယ်(၁)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Dec 08,2020
နွားထိုးကြီးမြို့နယ်တွင်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ယနေ့ နံက် ၉နာရီက လူစည်ကားရာနေများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာနရှိ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ၊ ကလောမြို့မဈေး နှင့် အောင်ပန်းဈေး တို့တွင် ပြည်သူများထံ လက်ဝယ်အရောက် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယနေ့(ဒီဇင်ဘာ ၈ ရက်)အထိ (၂၀၄)ဦးထိရှိသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊အမှတ်(၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတို့ မှယနေ့နံနက်(၁၁)နာရီက ပြည်သူများ ထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာ သရက်ကုန်းတိုက်နယ် ကျန်းမာရေး ဦးစီးဌာနတွင် ပြည်သူလူထုကျန်းမာရေး စကားဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။