Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ငွေကျပ်(၇၈၆)သိန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 09,2020
ကရင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်(၇၈၆)သိန်း တန်ဖိုးရှိ Cloth Mask (၁၃၀၀၀၀)ခုနှင့် Surgical Gowns(၃၀၀)ထည်တို့ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) ဆွေးနွေး ဟောပြောပွဲ ကျင…
Dec 09,2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီက ပင်းတယမြို့၊ အင်းငယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များအား ဆဌမအကြိမ် မြောက် Mobile market ကားများဖြင့် လိုက်လံရောင်းချ
Dec 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်းစျေးသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ မိမိတို့နေအိမ်အနီးမှာပင်အလွယ် တကူဝယ်ယူနိုင်စေရေး၊ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သောအသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန် ပစ္စည်းများအား ပြည်သူများအလွယ်တကူဝယ်ယူရရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းတို့ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီမှစတင်၍ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ၇လမ်းနှင့်၈လမ်းကြားတို့တွင် Mobile market ဈေးကားများဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ်တွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ပေါ်ဆန်းရင် စိုက်ခင်းအား စံကွက်ရိတ်သိမ်ခြင်း ထိရောက်မှုရှိရေး လက်တွေ့ဆောင်ရွက်
Dec 09,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပဒူတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေအတွင်းရှိ ကျောင်းဖြူကျေးရွာ တောင်သူ ဦးခင်မောင်ဌေး ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးပေါ်ဆန်းရင် စိုက်ကွင်း အားစံကွက်ရိတ်သိမ်းခြင်း ထိရောက်မှုရှိစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက နည်းပညာများ လက်တွေ့ပြသ ပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 09,2020
ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင် ယမန်နေ့က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာရယူခဲ့သူအားလုံး ရောဂါပိုး မရှိ
Dec 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre) တွင် ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာ ရယူခဲ့သူ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့မဲလောခီးကျေးရွာအုပ်စု၊ ထီးမိုးခီးကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင…
Dec 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးများ၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ (၂)နာရီ အချိန်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ် တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28028
Page
28029
Page
28030
Page
28031
Current page
28032
Page
28033
Page
28034
Page
28035
Page
28036
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department