အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ်၊ နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်​ထောင်စု)ရန်ပုံ​ငွေကျပ် (၂၃၀.၄၁)သန်း ဖြင့်​ ကော့ကရိတ်မြို့နယ်၊ ထို့​ကော်ကိုး-​ကျော်ခို​ ကျေးရွာချင်းဆက်လမ်း​ပေါ်ရှိ (၆၅)​ပေသံကူကွန်ကရစ် တံတား(၂)စင်းတည်​ဆောက်​ရေး​ မြေစမ်းသပ်မှုပြုလုပ်​ဆောင်ရွက်ခြင်းအား ယမန်​နေ့ နံနက်ပိုင်းက​ ကော့ကရိတ် ခရိုင် ကြီးကြပ်​ရေးရုံးမှ ဒုတိယညွှန်ကြား​ရေးမှူး ဦးစောထူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
Dec 08,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဇမိရတနာ မြို့မဈေး အတွင်းနှင့် ယာယီပျံကျဈေး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ သည်။
Dec 08,2020
၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် အများ ပြည်သူ အသိပညာတိုးပွားရရှိ စေရန်အတွက် မြို့ပေါ် ရပ်ကွက် များရှိ လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇) အား မြို့နေပြည်သူများ ဗဟုသုတရရှိစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်းကို သိရှိမှတ်သားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စုကလိမြို့/ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများက ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊(JICA ODA Loan) အစီအစဉ်ဖြင့် JICA(Japan International Cooperation Agency) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးခဲ့သည်။
Dec 08,2020
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတများရရှိ​စေရန် ရည်ရွယ်ကာ အသိပညာ​ပေးလက်ကမ်းစာ​စောင်များကို ​အထိမ်းအမှတ်​​နေ့များနှင့်​နေ့ကြီးရက်ကြီးများ တွင် ထုတ်​ဝေ​ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်​နေ့တွင်ကျ​ရောက်မည့် နှစ်တစ် ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ထုတ်​ဝေ​ခဲ့ရာ အဆိုပါလက်ကမ်းစာ​​စောင်များအား ​ကျောက်တံတားမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီး ဌာနမှ ယနေ့ နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 08,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနှင့်၈၁လမ်းထောင့်တွင် ယနေ့နံနက် (၁၁)နာရီ (၃၅)မိနစ်ခန့်က မီးငြှိမ်းသတ်ရန် လာရောက်သော အမရဌာနီအနောက်ရပ်ကွက်၊ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး အချင်းချင်းတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Dec 08,2020
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးထိုးပေးခြင်းများကို ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမားရေးဌာန ဆေးပေးခန်း တွင် ဆောင်ရွက်ပေးလျက်ရှိသည်။