အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုရေးလုပ်ငန်းကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းနှင့် လူမှုကူညီရေးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းကမ့်ပိန်းပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း က နမ့်ခမ်းမြို့၊ နေရာ(၃)နေရာ၌ ပြုလုပ်ဆောင်ရွက်သည်။
Nov 23,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဂန့်ဂေါမြို့ စျေးလမ်းနှင့် ဆေးရုံလမ်းဆုံတွင် ဌာနဆိုင်ရာများ ၊ ပူးပေါင်းအဖွဲ့အစည်းများဖြင့် mask campaign ကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး mask တပ်ဆင်ခြင်း မရှိသူများ အား ချက်ချင်းတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 23,2020
ကျိုက်မ​ရောမြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာများ လာ​ရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ​ရောဂါကူးစက် ပြန့်ပွားမှုမရှိ​စေရန်အတွက် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ယ​​နေ့နံနက် ၈နာရီမှ စတင်ကာ ထုတ်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Nov 23,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်း ကျောက်ခင်းလမ်းနှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert (၃) စင်း တည်ဆောက် မည့် လုပ်ငန်းနေရာအတည်ပြု သတ်မှတ်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Nov 23,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုအရ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင် အသင်းများမှ Mobile Market စျေးကားများဖြင့် ယနေ့နံနက်ပိုင်းတွင် ပန်းဘဲတန်း မြို့နယ်ရှိ ရပ်ကွက်များတွင် ရောင်းချပေးကြောင်း သိရှိရပါသည်။