အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ရွှေပိုးပရဟိတအသင်းနှင့် အလှူရှင်များ ပူးပေါင်းကာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များတွင် ဆွမ်း ၊ကွမ်းအခက်အခဲမရှိ‌စေရေးအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ဆားနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ (၁၂)ပါးဒေဝီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Nov 16,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမများဖြစ်ကြသည့် ဒေါ်စုစုမော် (အထက်တန်းသူနာပြု) နှင့် ဒေါ်ချိုဇင်သက်(သူနာပြု)တို့သည် မိမိတို့၏သဘောဆန္ဒအလျောက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပရှိ ကိုဗစ်စင်တာသို့ သွားရောက်ကူညီတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း သိရှိသည်။
Nov 16,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ၌ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ
Nov 16,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့အဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ် နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်လှစ်ဖွင့်သည် ဖြစ်ကြောင်း သိရသည်။
Nov 16,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ သန်လျင် မြို့နယ်အတွင်းရှိဈေးများ၊ဈေးဆိုင်များ၊ ဈေးဝယ်သူများနှင့် ဈေးကြီးကြပ်ရေး ကော်မတီများ လိုက်နာရမည့်အချက်များအား အသိပညာပေးပွဲကို ယမန်နေ့နံနက် ၈နာရီတွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။
Nov 16,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၂) ရပ်ကွက်၊ အ.ထ.ကမင်းလှ (မြို့တွင်း)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် မြအိုးစည် ရောင်းဝယ်ရေး သမဝါယမ အသင်းမှ အသင်းသား/အသင်းသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ ငွေများပေး အပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက တရုတ်စုရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင် ထောက်ပံ့ ငွေများပေးအပ်ခဲ့ ကြောင်း သိရသည်။