အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ၊သုံးခွမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သည့် မြို့မဈေး နှင့်ရှစ်မျက်နှာဘုရား ရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းအချိန်က ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊နှာခေါင်းစည်း Maskနှင့်Face Shieldများ(အခမဲ့)ဖြန့်ဝေ ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်သာယာရေး ဌာန၊ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက် သည်။
Nov 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီး ဟင်းရွက် စားသောက် ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များ အတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ ကြောင်း သိရသည်။
Nov 16,2020
ပုဇွန်​တောင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်ကျောင်းများရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ အမှတ်(၉)ရပ်ကွက်မှ ဦးတိုးတက်က စားသောက်ဖွယ်ရာများအား ယမန်‌‌‌‌နေ‌ေ့ နံနက်၁၁နာရီအချိန်တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ တောင်သူ ဦးငွန်၏ ကွင်းအမည် (ထန်ပါခွေပြင်)၊ ကွင်းအမှတ် (OSS)၊ ဦးပိုင်အမှတ်(၅၃)၌ ယနေ့ နံနက် (၉) နာရီအချိန်က မှော်ဘီ (၂) မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်သည်။
Nov 16,2020
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစား ပုံမှန်ဝင်ငွေမရှိသူများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေး အပ်သည့် ငွေများအား ရေငံ၊ သရက်ကုန်း၊ ဟင်းအိုးချောင်း ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၆ စုထံသို့ အိမ်ထောင် တစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ယနေ့နံနက် ပိုင်းက ရေငံသရက်ကုန်းဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ပြည်သူများထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ စည်ပင်သာယာစျေးနှင့် ပျံကျစျေးများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ အတိုင်း ရောင်းချခြင်း ရှိ/မရှိ ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈)နာရီက ကွင်းဆင်း ကြီးကြပ် စစ်ဆေးခဲ့ ကြကြောင်း သိရသည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုကို ယနေ့နံနက် ၇ နာရီက စံကင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။