နယ်ရုံးများ၏သတင်းများ

Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့််စာကြည်တိုက်နှင့် ရင်းရင်းနှီးနှီး ကျွမ်းဝင်မှု ရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက် သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ လစဉ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့် တိုက် ကလေးစာဖတ်ခန်းတွင် ခုံလုတမ်းပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့တွင် ဒေါနမြေလက်ကမ်းစာစောင်များကို ယနေ့နံနက် ပိုင်းက အထကကျောင်း၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 14,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မတ်လ ၁၂ ရက်နေ့နံနက် ၁၀နာရီအချိန်မှစ၍ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြပွဲ ကျင်းပ သည်။
Mar 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲ က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(BOOK CLUB) တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် “စာရေးဆရာအောင်သင်း၏ အားနေသောလက်များ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
Mar 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို သိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဝေါလေမြိုင်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Mar 12,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။