Mar 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်းရှိ အထက်တန်း၊အလယ်တန်း၊မူလတန်း အဆင့် ကျောင်းများအား၊ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသော စာသင်ကျောင်းများမှ စံပြကျန်းမာရေးထူးချွန်ဆု ရွေးချယ်ရေးအဖွဲ့ မှသတ်မှတ်ချက်များနှင့် အညီရွေးချယ်၍ မြို့နယ်အတွင်းရှိ စံပြကျန်းမာရေးထူးချွန် ကျောင်းဆု ချီးမြှင့်ခြင်းကို ယနေ့ နံနက်(၁၁) နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။