Skip to main content

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော်    ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး  “အမျိုးသားအဆင့် အက်ဆစ် ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

မြစ်ကြီးနား  ဖေဖော်ဝါရီ    ၂၄

ကချင်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်အဖြစ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြု လုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၈ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂  ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းဝေးဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံး ဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်ပြီး (၇) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

တောင်ကြီး  ဖေဖော်ဝါရီ  ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

ရွှေကူ  ဖေဖော်ဝါရီ  ၂၄

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီတွင် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာသို့ရောက်ရှိပြီး ဘုမ္မိဇေယျ ရွှေပေါ်ကျွန်း ကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ဃန်း အစရှိသည်များကို လှူဒါန်း ပူဇော်ပြီး ကံ့ကော်တစ်ထောင် ဘုရားအရှေ့ဘက် ဉာဏ်တော် အမြင့် ၂၄ တောင်ရှိသော ဖောင်တော်ဦး အောင်ဇေယျာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည့် သတ်မှတ်ထားသော မြေနေရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာ ပန္နက်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်