Feb 01, 2020
အရောင်အသွေးစုံညီ ရနံ့သင်းသည့် ပန်းခင်းကြီး တစ်ခင်းသဖွယ်။ မတူကွဲပြားသည့် အလှတရား များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်သည့်အခါ ခမ်းနားလှပသည့် အလှသစ်က ရှုမငြီးစရာ ထွက်ပေါ်လာသည်။ ယင်းသည် ပြည်ထောင်စု၏ အလှတရားဖြစ်သည်။ ပြည်ထောင် စုဖွား တိုင်းရင်းသားတို့၏ ကိုယ်စီအလှများကို တစ်ပေါင်းတစ်စည်းတည်း တစ်နေရာတည်းတွင် တွေ့ခွင့်ရနိုင်သည့် နေရာသည် “သွေးချင်းတို့ရဲ့ ပွဲတော်” ကြီး ပင်ဖြစ်သည်။
Feb 01, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂
Feb 01, 2020
ဘားအံ ဖေဖေါ်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာရှိ ဇွဲကပင်တောင် အငူတွင် ယနေ့ ည ၇ နာရီခန့်က တောမီးများလောင်ကျွမ်းနေခဲ့ရာ တောင်ကမ်းပါးယံသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုအား ဘားအံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ တော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ၊ ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁
“ပုံမှန်ကာကွယ် ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဗဟိုအခမ်းအနား” ကို ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
(သတင်းစဉ်)
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့်လက်ကျန်ငွေ ကျပ် (၁ ဒသမ ၅၇၃၁) ဘီလီယံကို သုံးစွဲသူ အများပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လှူဒါန်းသည်။
Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းများ အရှိန်မြှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်နှင့် ကင်းထောက်ကြီးများ တက်ရောက်ကြသည်။
Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယင်းဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Feb 01, 2020
မြစ်ကြီးနား ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် မြစ်ကြီးနားမြို့၊ နောင်နန်းကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်း(KTCS)ဝင်းအတွင်း ကျောင်းဝင်းလမ်း ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဖွင့်လှစ်ပေးသည်။
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေ သော ဖရဲ/သခွား မွှေး၊ သစ်သီးဝလံ များတရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ၊ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ်ဆောင်ရွက်ရမည့် အစီအစဉ်များကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်မြို့)တွင် ဆွေးနွေးကြသည်။