Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ချမှတ်ခဲ့သည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလီယံမတည်ပြီး သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများအား Participating Financial Institutions (PFI) ဘဏ်များမှတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့်ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပသည်။
Oct 04, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ကာ ဟဲယာရွာမဓမ္မဗိမ္မာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 04, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်သာသနာလင်္ကာရစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Oct 04, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေး ဒဏ်ခံစားရသော ဒေသများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024
ကာတာနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ကာတာနိုင်ငံဒိုဟာမြို့၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
Oct 04, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ထိုသို့ကောက်ယူနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။
Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ငါးအိုးခေတ်မီစံပြ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေကျပ် ၁၀ သန်းဖြင့် ပေါင်းစည်းလယ်ယာ (Integrated Farm) စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးဆင်ဝါးနော်၏ခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 04, 2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့
Oct 04, 2024
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄) ရပ်
Oct 04, 2024
ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သောစပါးခင်းများအား ပြန်လည်ကုစားရန်အတွက် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ထည့်သွင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု မိုးစပါးဧက ၁၀၀ ၌ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်းအတွက် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာတစ်အိတ်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ ဂရမ်နှုန်းတို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။
Oct 04, 2024
တိုင်ဖွန်းမုန်တိုင်း “ရာဂီ”၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်းတာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန် - မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။
Oct 04, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Oct 04, 2024
ပြီးခဲ့သည့်လအတွင်းက တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်သက်ရောက်မှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတစ်ဝန်း၌ ကြီးကြီးမားမား ကြုံတွေ့ခံစားခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပြည်သူများက အလျင်အမြန် တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Oct 04, 2024
အဂတိလိုက်စားမှုများသည် ရှေးကတည်းကပင်ရှိခဲ့သလို အဂတိလိုက်စားမှုများကို ရှေးလူတို့ကလည်း လက်မခံခဲ့ကြသည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာလည်း ရှေးကာလကပင်ရှိခဲ့သည်။ သို့ရာတွင် ခေတ်ကာလသာလျှင် ပြောင်းခဲ့သော်လည်း လူတို့၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ အလိုလောဘများကမပြောင်း။ ကမ္ဘာတစ်ဝန်း၌ သိသိသာသာဆိုးရွားလာသည့် အဂတိလိုက်စားမှုများကို ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။
Oct 03, 2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် အရှည် ၃၂၈ ပေ၊ အကျယ် ၃၀ ပေရှိသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ၁၃၀ ပေခန့် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရသည်။
Oct 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သည့် စကားများပြောကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Oct 03, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 03, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
