Skip to main content

Oct 02, 2024

အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံတစ်ဝန်းစာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် စတင်ဆောင်ရွက်လျက်ရှိပါသည်။ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ကို မေးမြန်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာ လကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့ တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်းအပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး လွယ်တော်ခမ်းကျေးရွာရှိ အရှည် ၁၀၀ ပေ၊ အကျယ် ၁၅ ပေရှိ မယ်ဆိုင်ချောင်းကူး သံဘောင်ဘေလီတံတားသည် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ယနေ့ညနေ (၅) နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညမှ အောက်တိုဘာလ(၆)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။”

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသော “ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီခွဲအချိန်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ယနေ့ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံ မှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညနေမှ အောက်တိုဘာ ၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူစပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ် (၁၅)အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန်လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်း ရေးဌာနခွဲသို့ရောက်ရှိပြီး Air Traffic Management Centre – ATMC အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် ကြိုပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသစ်တောဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ညောင်ပင်သာ ကျေးရွာသို့ ရောက်ရှိပြီးပုဂ္ဂလိကပိုင် တွင်းတိမ်များ တွင်းဆေးတွင်း မှုတ်ပြုလုပ်ပြီး သန့်ရှင်းသော သောက်သုံးရေ ပြန်လည်ရရှိ အသုံးပြုနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ငပြောင်ဆည်ရေသောက်စနစ်အတွင်းရှိ မိုးစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးစပါးအတွက် ရေဆက်လက်ပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပပြုလုပ်မည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)၏ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကာတာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2024

အောက်တိုဘာ ၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်