Oct 01, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဆိုဗိမာန်တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိပြီး စတင်ဆောက်လုပ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များဖြင့် မြေသန့် မင်္ဂလာပြုလုပ်ပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
Oct 01, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Oct 01, 2024
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၇) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Oct 01, 2024
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ၏ သဘောထားထုတ်ပြန်ချက်
Oct 01, 2024
နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်ခြင်းအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) က ကြိုဆိုထောက်ခံကြောင်း သဘောထားများထုတ်ပြန်
Oct 01, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ခဲ့သည်။
Oct 01, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရမည်းသင်း) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 01, 2024
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဦးဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စမုံရာဘာရေလွှဲဆည်နှင့် ရေတင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးကြသည်။
Oct 01, 2024
(၂၀၂၄) ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) Meeting Hall ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။
Oct 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
Oct 01, 2024
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 01, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရှိ ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါသာသနာ့ဗိမာန်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 01, 2024
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Oct 01, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “တတ်စွမ်းသမျှ ရေဘေးကူ၊ ငါတို့လူမျိုး တူနိုင်ရိုးလား” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Oct 01, 2024
နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင်တစ်ကြိမ် ကြုံတွေ့ရလေ့ရှိ၍
Oct 01, 2024
ယနေ့သည် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အတူတကွပူးပေါင်းပြီး ညီညွတ်သောအင်အားကို စတင်ထုတ်ဖော်ပြသည့်နေ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အမှန်တည်ရှိနေသော လူဦးရေနှင့်အိမ်အကြောင်းအရာ ကိန်းဂဏန်းအချက်အလက်များကို အောက်တိုဘာလ ၁ ရက်နေ့ (ယနေ့) မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေကြပြီဖြစ်သည်။ တစ်မျိုးသားလုံး တစ်ချိန်တည်းတစ်ပြိုင်တည်း တက်ညီလက်ညီဆောင်ရွက်ကြသည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Oct 01, 2024
၃၀.၉.၂၀၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများအားလုံးကို အောက်တိုဘာ ၁ ရက် (ယနေ့) မှစ၍ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်။ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ ကောက်ယူမည့်အကြောင်းအရာအချက်အလက်များ၊ ပြည်သူများဘက်မှ ဆောင်ရွက်ပေးရမည့်အရာများ စသည့်သိကောင်းစရာအဖြာဖြာတို့ကို မီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်း၊ ကွင်းဆင်းဟောပြောခြင်း၊ သင်တန်းများပို့ချခြင်း စသည့်နည်းလမ်းများဖြင့် ပြည်သူအများ သိရှိနားလည်ထားကြပြီးလည်းဖြစ်သည်။
Sep 30, 2024
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
