Mar 04, 2020
ရန်ကုန် မတ် ၃
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
Mar 03, 2020
ဖားဆောင်း မတ် ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့သည်။
Mar 03, 2020
ဟင်္သာတ မတ် ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်ရှိ ဘောဇနသီရိ ဆွမ်းစားဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 03, 2020
နေပြည်တော် မတ် ၂
နေပြည်တော် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်သူ များ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် အတွက် ထိုင်းနိုင်ငံ မှပညာရှင်များနှင့်ပူးပေါင်း၍ ပထမဦးဆုံးဖွင့်လှစ်မည့် Wedding Park ကို မကြာမီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Mar 03, 2020
မုံရွာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသောကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး မှ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။
"အခုမီးလင်းရေးလုပ်ဆောင်ပေးမယ့် ခရိုင် ခြောက်ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာ က မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်အကွာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်”ဟု အင်ဂျင်နီယာမှူး ကြီး ဦးမျိုးသန့်ထွန်းက ပြောကြားသည်။
Mar 03, 2020
မြန်မာ့ပညာရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် အစဉ်အလာကြီးမားသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀၀ ပြည့် မြောက်တော့မည်ဖြစ်သည်။
Mar 03, 2020
ရန်ကုန် မတ် ၂
ဟိန္ဒူမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင် (အမျိုးသားသွေးလှူဘဏ်တာဝန်ခံ) က သွေးလှူဒါန်းခြင်းမှရရှိလာမည့် အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သွေးလှူဒါန်းပွဲကျင်းပရေးအဖွဲ့မှ Shri Saras Gupta က အမှာစကားပြောကြားပြီး ၁၀ ကြိမ်နှင့်အထက် သွေးလှူရှင်များနှင့် မိတ်ဆက် ပေးသည်။
Mar 03, 2020
ရန်ကုန် မတ် ၂
အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းဆွေးနွေးပွဲ (National Workshop on Financial Management & Controls) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမ၌ ကျင်းပသည်။
Mar 03, 2020
မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းကို မကွေးမြို့စုပေါင်းရုံး အစည်းအဝေးခန်းမ၌ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
Mar 03, 2020
ရန်ကုန် မတ် ၃
မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်တွေ့ကျသော နည်းဗျူဟာဖော်ဆောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ဖွင့်ပွဲကို ယမန် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
Mar 03, 2020
(၃-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 03, 2020
နေပြည်တော် မတ် ၃
ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 01, 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။
Mar 01, 2020
၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။
Mar 01, 2020
နေပြည်တော်၊ မတ် ၂
တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ်(၁)ရက် ရက်စွဲဖြင့် အသိပေးချက် တစ်ရပ်ထုတ်ပြန်ထားသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂ဝခုနှစ် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။
Mar 01, 2020
နေပြည်တော်၊ မတ် ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ တိုက်နယ် ဆေးရုံအနီး ကားလမ်းတွင် သန်းထွန်း မောင်းနှင် လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးဦစီးကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
