Feb 26, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကြက်ခြေနီစေတနာလုပ်အားရှင် ကိုးဦးအား တစ်သက်တာ အခမဲ့ဆေးကုသခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ယခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးရုံး (အားကစား)နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အရာထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော အားကစားနည်းပြများက အားကစားနည်း အလိုက် မိတ်ဆက်ကြသည်။
ရှာဖွေလေ့လာရန်လိုအပ်
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
Feb 26, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာ မြှင့်တင်မှုမဟာဗျူဟာ နှင့်စပ်လျဉ်း၍ (ပထမအကြိမ်) အလုပ်ရုံဆွေးနွေးပွဲမှ ရရှိထားသော အချက်အလက်များ အတည်ပြုချက်ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Park View Hotel ၌ ကျင်းပသည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (COVID-19)ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် အောင်မြင်စေရန်နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်က ဆေးဘက် ဆိုင်ရာ ပစ္စည်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တပ်မတော်လေယာဉ်ဖြင့် ယနေ့တွင် သွားရောက်ပေးပို့ လှူဒါန်း သည်။
ရှင်းလင်းပြောကြား
Feb 25, 2020
မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ကမ္ဘာ့အဆင့်မီလာစေရန်အတွက် ကုန်ပစ္စည်းများတွင် အဆင့်အတန်းနှင့် အညီ အမှတ်တံဆိပ် GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံး သူများအတွက်ပါ အကျိုးရှိစေရန်ရည်ရွယ်၍ GS1 Myanmar Barcode မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
Feb 25, 2020
နိုင်ငံကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အဓိကကျသည်။ အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရာ၌ ပြည်သူလူထု၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုမရလျှင် ရေတိုတွင် အောင်မြင်နိုင်သော်လည်း ရေရှည်တွင်မူ အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။
Feb 25, 2020
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီးရှိဖို့က လွန်စွာအရေးကြီးသည်။ အရင်းအနှီး ဟူသော ယေဘုယျစကားလုံးတွင် ငွေကြေးအရင်းအနှီး၊ ရုပ်ဝတ္ထုအရင်းအနှီးနှင့် လူသား အရင်းအနှီးတို့ ပါဝင်လျက်ရှိပြီး အဆိုပါ အရင်းအနှီးသုံးရပ်အနက် လူသား အရင်းအနှီးက အခြေခံအကျဆုံး၊ အဓိကအကျဆုံးပင် ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ထိုနိုင်ငံ၏ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက လက်ခံအသိအမှတ်ပြုထားကြသည်။
Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကူဝိတ်နိုင်ငံ၏ (၅၉) နှစ်မြောက်အမျိုးသားနေ့နှင့် (၂၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
Feb 25, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်အိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၁)၊ ကယား ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၈) နှင့် အခြေခံသိုးမွေးစက်ဆွဲ သင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်နေသည့် သင်တန်းသူ (၅၀)ဦး တို့အတွက် သင်တန်းဆင်း တူညီဝတ်စုံများ ထောက်ပံ့ပေး နိုင်ပါရန် တင်ပြလာသည့်အပေါ် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယမန်နေ့ ညနေ ၃ နာရီခွဲအချိန် က ၎င်းရုံးခန်း၌ ရန်ပုံငွေကျပ် (၂.၅) သိန်းအား တာဝန်ခံဆရာမတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး တီဘီတိုက်ဖျက်ရေးဌာန ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံတီဘီအသင်း (MATA) နှင့် စံပြလူမှုကူညီရေး ပရဟိတလူငယ်အသင်း (ရန်ကုန်)တို့ ပူးပေါင်း၍ အခမဲ့တီဘီရောဂါနှင့် အခြားရောဂါများအား စမ်းသပ်စစ်ဆေး ပေးခြင်းကို ယနေ့ နံနက်က ဗဟိုစံပြငါးဈေးရုံး၌ ပြုလုပ်သည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်၏ (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၂ ရက်မှ ၈ ရက်အထိ ခုနှစ်ရက်တိုင်တိုင် စေတီတော်ပွဲတော်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ တွင် တောင်ကြီးမြို့ Taunggyi City Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်က အမှာစကားပြောကြားသည်။
Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Uganda International ပြိုင်ပွဲတွင် ချန်ပီယံဆု ကာကွယ်ပြီးနောက် ကင်ညာနိုင်ငံ ၌ ကျင်းပမည့် Kenya International 2020 ပြိုင်ပွဲတွင် ချန်ပီယံ ဆု ထပ်မံ ကာကွယ်ရမည်ဖြစ်သည်။
Feb 25, 2020
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ တစ်ခု ဖြစ်သည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို အသိအမှတ်ပြုစာရင်းတင်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း ဂုဏ်ယူ ဝမ်းမြောက်ဖွယ်သိရှိရသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အမျိုးသား အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ခန့်မှန်းခြေအားဖြင့် ၁၅၀၀၀ ခန့်ရှိပြီး ယင်းတို့အနက်မှ ၂၂၁၇ ခုကို အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီက အတည်ပြုပြီးဖြစ်သည်။
Feb 25, 2020
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်ကို အားလုံး သိရှိကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည်ဆိုသော်လည်း အမြတ်တနိုးတန်ဖိုးထားမှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုရှိမှသာ မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုကာ ဂုဏ်ယူဝင့်ကြွား တင့်တယ်မော်ကြားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြား သည်။
Feb 25, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၅
Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၄
ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၂၀ ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်သည်။
Feb 24, 2020
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင ပြုလုပ်သည့် အစည်းအဝေး ၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့် နည်းတူပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်း များ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေး ရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။
