Feb 24, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး “အမျိုးသားအဆင့် အက်ဆစ် ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။
Feb 24, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ်၊ ၈ / ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)
“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”
Feb 24, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံး ဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်ပြီး (၇) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Feb 24, 2020
တောင်ကြီး ဖေဖော်ဝါရီ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Feb 24, 2020
ရွှေကူ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီတွင် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာသို့ရောက်ရှိပြီး ဘုမ္မိဇေယျ ရွှေပေါ်ကျွန်း ကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ဃန်း အစရှိသည်များကို လှူဒါန်း ပူဇော်ပြီး ကံ့ကော်တစ်ထောင် ဘုရားအရှေ့ဘက် ဉာဏ်တော် အမြင့် ၂၄ တောင်ရှိသော ဖောင်တော်ဦး အောင်ဇေယျာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည့် သတ်မှတ်ထားသော မြေနေရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာ ပန္နက်တင်ခြင်းများ ပြုလုပ်ခဲ့သည်။
Feb 23, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ကင်းထောက်စတင်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ် အထိမ်းအမှတ်နေ့(Scout Founder Day) နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
Feb 23, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပညာရေး၀န်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ်လှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပသည်။
Feb 23, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ “ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း” စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။
စာပေဟောပြောပွဲတွင် “ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
▲ စာရေးဆရာမ နုနုရည်(အင်း၀) ▲
Feb 23, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၃
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။
Feb 23, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။
Feb 22, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ် အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက် မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။
Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများသည် ပန်းပွဲတော်တွင် စိုက်ပျိုးထားသည့် ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံအလှကို ခံစားအပန်းဖြေရင်း အထူးစည်ကား လျက်ရှိသည်။
Feb 22, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လှေလှော်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့ နံနက်က သတ်မှတ်ထားသည့် နေရာများ၌ ဆက်လက်ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပရာ ရိုးရာလှေပြိုင်ပွဲတွင် (အပေါ်ပုံ) အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀၊ မီတာ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Feb 22, 2020
မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေ ကြသည်။ အသက်အရွယ်အားဖြင့် ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှု ပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင်သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်း အော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။
Feb 22, 2020
မန္တလေး ဖေဖော်ဝါရီ ၂၂
အထက်မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ဆန်းသစ်တီထွင် ဖန်တီးထားသည့် နည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် လက်မှုဆိုင်ရာ ပစ္စည်းများ စုပေါင်းပါဝင်ပြသသည့် MakerFest Myanmar 2020 ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ကြသည်။
Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မောင်တောမြို့နယ် လောင်းဒုံချောင်း တံတားအောက်မှ လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် စပယ်ကုန်းကျေးရွာအနီး ၊ လောင်းဒုံ - ငါးခူရကားလမ်းမှ အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေ ခန့်ရှိ လောင်းဒုံချောင်း ကွန်ကရစ်တံတား အောက် ယက်မ နှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်) ၌ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ သဖြင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း။
Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19) လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 22, 2020
၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။
