Aug 06, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ တောင်သူများ အနေဖြင့် ပျက်စီးဆုံးရှုံးများအတွက် သက်သာမှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု) အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
Aug 06, 2020
ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲ အမှတ်စဉ်(၂) ကို ယနေ့နံနက် ၄ နာရီက ပုသိမ်မြို့ ဝိသာခါဓမ္မာရုံတွင် ပြုလုပ်သည်။
Aug 06, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးနှင့် စံကင်းကျေးရွာများရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာများသို့ ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။
Aug 06, 2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်း ဖွင့်လှစ်ပွဲနှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် (၉)နာရီတွင် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းရုံး၌ ကျင်းပခဲ့သည်။
Aug 06, 2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ရေလည်ပရိယတ္တိ စာသင် တိုက် စန္ဒာသူရိယဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့ ည ၇ နာရီက ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
Aug 06, 2020
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၅ နာရီခွဲက ရေတိုက်စားမှုကြောင့် ပျက်စီး သွားသည့် ညောင်လေးပင် မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့ အဝင်ကားလမ်းတံတားတို့အား သွားရောက် ကြည့်ရှုခဲ့သည်။
Aug 06, 2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေခံပညာကျောင်း(အ.ထ.က-၁၀)တွင် စာသင်ကြားနေမှုကို ယမန်နေ့ နေ့လယ်ပိုင်း၌ မွန် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကြည့်ရှုစစ်ဆေးသည်။
Aug 06, 2020
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင် ပန်းခြံအနီးကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့ ညနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 06, 2020
(၃၃)ကြိမ်မြောက် အာဆီယံ-အမေရိကန်ဆွေးနွေးပွဲကို ယနေ့နံနက် ၇ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် နေပြည်တော်မှ ပါဝင် တက်ရောက်သည်။