Dec 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့သည့်သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် မိမိတို့တွေ့မြင်ဖတ်ရှုသိရှိ ခဲ့ကြရပြီးဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အောက်တို ဘာလ ၂၇ ရက်မှစ၍ MNDAA ၊ TNLA ၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၎င်းတို့နေထိုင်ရာ မြို့ရွာ များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။
Dec 13, 2023
နတ်တော်လသည် ဓနုရာသီဖြစ်သည်။ မိဂသီနက္ခတ်စန်းယှဉ်သည်။ ဂမုန်းပန်း၊ သဇင်ပန်းတို့ ပွင့်ကြသည်။ ဂမုန်းနှင့်သဇင်သည် အတူတူပင်ဖြစ်သည်။ ဂမုန်းနီ၊ သဇင်ဖြူ၊ သဇင်နီ၊ သဇင်နက်စသည့် ဂမုန်းပေါင်း ၁၂၀ ရှိသည်။ ရှေးကမြန်မာတို့သည် သဇင်ပန်းကို တော်ဝင်ပန်းဟုဆိုကြသည်။ ရှေးကမြန်မာတို့သည် သဇင်ပွင့်ပေါ် လနတ်တော်မှာ မဟာဗိန္နဲ သို့မဟုတ် စာဆိုပုဂ္ဂိလ်တို့ကို ပူဇော်သည့် စာဆိုတော်ပွဲလဟု ဆိုခဲ့ကြပြန်သည်။
Dec 13, 2023
တီမောသမ္မတ၏ပြောပုံဆိုပေါက်နှင့်လုပ်ရပ်များက ကမ္ဘာ့နိုင်ငံအသီးသီးမှ သမ္မတများအကြားတွင် မတွေ့စဖူးရှားရှားပါးပါးပင်ဖြစ်သည်။ မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ၏ လေသံအတိုင်း ပါးစပ်အငှားလိုက်ပြောကြားခဲ့ခြင်းက ကိုယ့်ထမင်းထုပ်နှင့်ကိုယ် ကြီးတော်နွားအငှားလိုက် ကျောင်းသည်ဆိုသော မြန်မာ့ရိုးရာဟာသစကားပုံကို ပြန်လည်အမှတ်ရစဖွယ်လည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏သမ္မတတာဝန်ကို ယူထားသူတစ်ဦးက အခြားနိုင်ငံမှ အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကဲ့သို့ မဆီမဆိုင်ဝင်ရောက်ပြောကြားနေခြင်းသည် သူတစ်ပါး၏ပြည်တွင်းရေးတွင် ဗြောင်ကျကျ ပါဝင်စွက်ဖက်ခြင်း ဖြစ်သည့်အပြင် အကြမ်းဖက်အားပေးခြင်းလည်း ဖြစ်သည်။
Dec 12, 2023
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော တပ်မတော်ဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူကို အစဉ်ထာဝရ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ တိုင်းတစ်ပါးကျွန်ဘဝမှ လွတ်မြောက်ရေး၊ ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်များမှ လွတ်မြောက်ရေး၊ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် မိဘ၊ သားသမီးသဖွယ်၊ ရဲဘော်ရဲဘက်စိတ်ထားများဖြင့် စောင့်ရှောက်ကာကွယ်ပေးလျက်ရှိသည်။
Dec 12, 2023
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည့် ကောလာဟလ၊ သတင်းတု၊ သတင်းမှားများကို အများပြည်သူ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေး၊ အထင်အမြင်လွဲမှားမှုများ မဖြစ်စေရေးတို့အတွက် မည်သည့်ပြည်ဖျက်မီဒီယာက ရေးသားဖြန့်ဝေသည့် မည်သည့်သတင်းသည် သတင်းတုသတင်းမှားသာဖြစ်ကြောင်း နေ့စဉ်နှင့်အမျှ သတင်းများထုတ်ပြန်နေရသည်။ မီဒီယာတို့မည်သည် သတင်းအစစ်၊ သတင်းအမှန်များဖြင့် နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ရှေးရှုသင့်သော်လည်း တိုင်းတစ်ပါး၏ အထောက်အပံ့ကို နောက်ကွယ်မှရယူပြီး မိမိနိုင်ငံအလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်ဖြင့် မမှန်ကန်သည့် လုပ်ကြံဖန်တီးသတင်းများ ရေးသားဖြန့်ဝေနေကြသည့် မီဒီယာအမည်ခံများကို ပြည်ဖျက်မီဒီယာအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ၎င်းတို့ရေးသားဖြန့်ဝေနေသည့် သတင်းများကိုလည်း လက်ခံယုံကြည်မှုမရှိရန်၊ အမှတ်တမဲ့ထပ်ဆင့်ဖြန့်ဝေမှုမပြုရန်လိုသည်။
Dec 11, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ကိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများ နိုင်ငံတစ်ဝန်းတွင်ရှိသည်။ ယင်းကိုအခြေခံ၍ အားကြိုးမာန်တက် မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ကြပါက ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
Dec 11, 2023
စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲလာစေရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အာဟာရဓာတ်ရရှိစေရန် ဓာတ်မြေဩဇာများ သုံးစွဲကြရာတွင် လိုသည်ထက်ပို၍သုံးစွဲခြင်း၊ သုံးစွဲမှုအချိုးအစား ညီမျှမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများတွင် ဓာတုညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှုစသော ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည်။ သဘာဝမြေဩဇာများသုံးစွဲရာတွင်မူ အဆိုပါဆိုးကျိုးများကို ရှောင်ရှားနိုင်သည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းကြောင့် စရိတ်ကုန်ကျမှုကိုလည်း သက်သာနိုင်စေသည်။
Dec 10, 2023
ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ကြသည်။ လူသားများ လွတ်လပ်စွာရှင်သန်နေထိုင်နိုင်ရန်အတွက် ခံစားပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးများရှိကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ၊ လူမျိုး၏ ပင်ကိုစရိုက်လက္ခဏာများအရ လူအချင်းချင်းလေးစားမှုနှင့် လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားသည့်နိုင်ငံဖြစ်သည်။
Dec 10, 2023
စားအုန်းဆီနှင့် စက်သုံးဆီဟူသော ဆီနှစ်ဆီက မိမိတို့နိုင်ငံတွင် အများပြည်သူနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသော အရေးပါသည့် ကုန်စည်နှစ်မျိုးဖြစ်သည်။ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့်အလျောက် နိုင်ငံခြားငွေအမြောက်အမြားသုံးစွဲ၍ ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ရာ ဆီနှစ်ဆီကို ချွေတာသုံးစွဲကြပါရန် စည်းရုံးလှုံ့ဆော်မှုများစွာ ပြုလုပ်နေသော်လည်း အသုံးအစွဲတို့လျော့ကျသွားခြင်းမရှိ။ ဈေးကွက်စီးပွားရေးခေတ်ဖြစ်သည့်အားလျော်စွာ ပုဂ္ဂလိကကဏ္ဍမှ ပြည်တွင်းဆီတင်သွင်းမှုများအပေါ် နိုင်ငံတော်အစိုးရက ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုပေးနေခြင်းကို တွေ့ရှိရသည်။
Dec 09, 2023
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ဤနေ့ ဤရက်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး အဂတိကင်းဝေးပြီး အေးချမ်းသာယာဝပြောသည့် ကမ္ဘာလောက၊ လူ့ဘောင်လောက ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
