Apr 01, 2023
လူအချင်းချင်း စာနာထောက်ထားမှုလုံးဝမရှိ မေတ္တာတရားခေါင်းပါးစွာဖြင့် သားကောင်သဖွယ်ဆက်ဆံသော အပြုအမူသည် လူကုန်ကူးခြင်းဖြစ်သည်။ လူကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်မှုအဖြစ်သဘောထားခြင်း သို့မဟုတ် ကျွန်စနစ်အဖြစ် သွတ်သွင်းခြင်းလက္ခဏာများသည် လူကုန်ကူးခြင်း သို့မဟုတ် လူမှောင်ခိုကူးခြင်းဖြစ်သည်။ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းသည် သဘောသဘာဝတူသော်လည်း အသွင်သဏ္ဌာန်မှာ ကွဲပြားခြားနားသည်။
Apr 01, 2023

နိုင်ငံတစ်နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပုံဖော်တည်ဆောက်ကြရသည့် အဓိကတာဝန်ကို ထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ကို ရွေးကောက်ပွဲတွင် ပြည်သူကရွေးကောက်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ရာ အစိုးရအဖွဲ့သည် သက်တမ်းအလိုက် ပြောင်းလဲမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများကိုလိုက်၍ မူဝါဒများလည်း ပြောင်းလဲနေမည်ဖြစ်သည်။
Mar 30, 2023
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပုံစံအမျိုးမျိုးဖြင့်ရှိခဲ့ပြီး အချိန်ကာလတစ်ခုတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပြီ။ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်တည်လာခြင်းသည် တိုင်းပြည်အနာဂတ်ကို မြော်တွေး၍ ပြည်သူများ၏ဘဝအာမခံချက်ပေးမည်ဟူသည့် ခံယူချက်ကြောင့်ဖြစ်သည်။
Mar 29, 2023

စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားပြီးနောက် ယခုကာလသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး ကျောင်းသူကျောင်းသားများအဖို့လည်း ရက်သတ္တပတ်အနည်းငယ်မျှ အနားယူပြီးခဲ့ကြပြီဖြစ်သည်။ အတန်းတင်စာမေးပွဲကြီးပြီးဆုံးစတွင် ကျောင်းသူကျောင်းသားများအနေဖြင့် တစ်နှစ်တာလုံးအားထုတ်ကြိုးပမ်းခဲ့သမျှအတွက် လုံလောက်စွာအနားယူရန် လိုအပ်သော်လည်း နွေကျောင်းပိတ်ရက်တစ်ခုလုံးအနေဖြင့်မူ မိမိတို့အတွက်အကျိုးရှိစွာ အသုံးချနိုင်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။
Mar 29, 2023

တပ်မတော်သည် ပြည်သူလူထုနှင့်အတူလက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူများနှင့်ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသောလိုအပ်ချက်များ ဖြေရှင်းပေးရေး၊ မိဘပြည်သူလူထုတို့အား ကာကွယ်စောင့်ရှောက်ရေးနှင့်လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
Mar 28, 2023

နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်၏ ရှေ့ခရီးလျှောက်လှမ်းနိုင်ရေးကို တပ်မတော်က ဦးဆောင်အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီး လိုအပ်သည်များအား အကြံပြုဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Mar 28, 2023

မြဝတီကုန်သွယ်ရေးဇုန်ကို KKO (ခွဲထွက်) အဖွဲ့နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကောက်ခွန် ဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ရသည်။ ကုန်သွယ်ရေးဇုန်အဆောက်အအုံနှင့် X - Ray စက်တို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
Mar 27, 2023
ယနေ့သည် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့နှင့် တစ်သားတည်း၊ အမျိုးသားလွတ်မြောက်ရေးသမိုင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်း အမျိုးသားနိုင်ငံရေးအသိ အပြည့်အဝဖြင့် ပေါက်ဖွားလာခဲ့သော တပ်မတော်ဖြစ်သည်။ သူ့ကျွန်မခံစွန့်စားသည့် လက်နက်ကိုင်တိုက်ပွဲများ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်အပြည့်ဖြင့် လှုပ်ရှားခဲ့သည့် နိုင်ငံရေးတိုက်ပွဲများ၊ ပြည်တွင်း/ပြည်ပရန်စွယ် အန္တရာယ်ဟူသမျှကို ချေမှုန်းခဲ့သည့် တိုက်ပွဲများဖြင့် သမိုင်းဂုဏ်ရောင်ထွန်းပြောင်စွာ မော်ကွန်းရေးထိုးထားနိုင်ခဲ့သော တပ်မတော်ဖြစ်သည်။
Mar 27, 2023

မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူနိုင်ရန် ကြိုးပမ်းပြုလုပ်နေကြသည့် သာမန်မဟုတ်သောအခြေအနေကို ဖြတ်သန်း နေရချိန်ဖြစ်သည်။