Feb 05, 2023
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရသည်။ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိပါမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အကောင် အထည်ဖော်လျက်ရှိသည်။
Feb 05, 2023
နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရေးမျှော်မှန်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တည်နေရာအားဖြင့် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၂၇၂၄ မိုင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုး မြေဧရိယာဧကစုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိနေသည်။ စစ်တောင်းမြစ်ဖျားပိုင်းဖြစ်သည့် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း၊ ငလိုက်ချောင်း အစရှိသည့် ချောင်း၊ မြောင်းများ၊ ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည် စသည်တို့အပါအဝင် ရေလှောင်တမံ၊ ဆည်၊ ကန်များတည်ရှိနေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် လိုအပ်ချက်များပြည့်စုံသည်။
Feb 03, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပကတိဖြစ်စဉ်များကို ရှင်းလင်းပြောကြားသွားခဲ့ရာတွင် နိုင်ငံတော်၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိရှိခဲ့ရသည်။
Feb 03, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမား၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများကို လိုက်ပါလုပ်ဆောင်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းတို့ကို သိနားလည်၍ဖြစ်စေ၊ မသိနားမလည်ဘဲဖြစ်စေ ပြုလုပ်မိခဲ့ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး၊ ဆက်သွယ်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက စဉ်ဆက်မပြတ် အသိပေးလျက်ရှိသည်။
Feb 01, 2023
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများမှသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများဖြစ်ပေါ်ခဲ့ကာ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာခဲ့ရပြီးနောက် နှစ်နှစ်တင်းတင်း ပြည့်သည့်ကာလသို့ ရောက်သည်အထိ မိမိတို့နိုင်ငံ၏အခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်မရောက်ရှိသေးသည်မှာ လူတိုင်းသိရှိသော အကြောင်းအရာတစ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသည့် အနောက်အုပ်စုနိုင်ငံအချို့တို့ကြောင့် ပြည်တွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အဖျက်လုပ်ငန်းများဖြစ်ပေါ်နေဆဲ တစ်နည်းအားဖြင့် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည်။
Jan 31, 2023

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး၏ စုစည်းညီညွတ်မှု စွမ်းပကားဖြင့် နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်ခဲ့ကြသလို နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက်လည်း လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ခဲ့ကြမှုကို အခိုင်အမာ သက်သေထူနိုင်ခဲ့သဖြင့် ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေး ပြန်လည်ရရှိလာခဲ့သည်။
Jan 31, 2023

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများအနက် အခြေခံပညာအလယ်တန်းနှင့် ၎င်းအဆင့်အောက် ပညာမသင် ကြားခဲ့ရသူဦးရေ ၁၈ သန်းကျော်ရှိနေသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ပညာရည် အဆင့်အတန်း အလယ်တန်းအဆင့်နှင့် အောက်တွင်သာ တတ်မြောက်ထားကြသည့် အခြေအနေဖြစ်သည်။
Jan 29, 2023
ဘဝတစ်ခုရှင်သန်ရပ်တည်နေထိုင်မှုတွင် ကျန်းမာရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ ကျန်းမာမှ အသက်ရှည်ကြာနေထိုင်နိုင်ကာ ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးအတွက် လူနေမှုစနစ်မြှင့်တင်ပေးရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် ရှင်းလင်းပြောကြားခဲ့သည်။
Jan 29, 2023

လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးပုံဖော်ကြမည့်သူများဖြစ်ရာ လူငယ်တစ်ဦးချင်းစီတိုင်းသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါကြသည်။ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ မြင့်မားသည်နှင့်အမျှ၊ ဆင်ခြင်တုံတရားပြည့်ဝပြီး မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင်သည်နှင့်အမျှ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ကြမည်။ ရှေ့လူတို့၏အမှားအယွင်းတို့ကို သင်ခန်းစာယူပြီး မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ကာ လောကကောင်းကျိုးဆောင်ကြဉ်းပေးနိုင်ကြမည် ဖြစ်သည်။
Jan 28, 2023
ဗြိတိန်နိုင်ငံအခြေစိုက် The Guardian သတင်းစာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့၌ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရေးသားသည့် ဆောင်းပါးတို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားချက်များပါဝင်နေသဖြင့် သတင်းစာကျင့်ဝတ်နှင့် မလျော်ကန်သောလုပ်ဆောင်မှုအဖြစ် စိတ်ပျက်ဖွယ်ရာ ကြားသိခဲ့ရပါသည်။ ဖော်ပြချက်တွင် မြန်မာနိုင်ငံအစိုးရအား ပြည်သူများ အထင်အမြင်လွဲမှားစေရန် ဖော်ညွှန်းရေးသားထားသည်ကို တွေ့ရသည်။