Skip to main content
Mar 12, 2023
၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့အတွက် သုံးနှစ်စာစုပေါင်းကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၀ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် “မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန်အရေးကြီးကြောင်း၊ ရုပ်ရှင်လောကကြီးပြန်လည်အသက်ဝင်လှုပ်ရှားရန် အချိန်အခါရောက်ပြီဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။
Mar 12, 2023
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပြဋ္ဌာန်းခဲ့သောဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၄ ဦး၊ အဆင့်မြင့်အရာရှိ ၃၅ ဦး၊ အရာထမ်း ၇၃ ဦး၊ အမှုထမ်း ၇၃ ဦး၊ ပြည်သူ့ ဝန်ထမ်း ၁၉ ဦးနှင့် အခြားပုဂ္ဂိုလ် ၂၈ ဦး စုစုပေါင်း ၂၉၂ ဦးတို့ကို တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
Mar 10, 2023
သတင်းအချက်အလက်နည်းပညာခေတ် (Information Age) ကို ၁၉၉၀ ပြည့်နှစ်ကစတင်ခဲ့ပြီး ကွန်ပျူတာနည်းပညာနှင့်အတူ သိပ္ပံနှင့်နည်းပညာ၊ သတင်းအချက်အလက်နည်းပညာများ လျင်မြန်စွာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ကဏ္ဍအသီးသီးတွင် အထောက်အကူများစွာ ပြုလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဆက်သွယ်ရေးနည်းပညာတွင် အင်တာနက်နှင့် လက်ကိုင်ဖုန်းနည်းပညာတို့သည် တစ်နေ့ထက်တစ်နေ့ ဆန်းသစ်လာပြီး လူသားလောကအကျိုးကို ဆောင်ကြဉ်းပေးလျက်ရှိသည်။
Mar 10, 2023
အတိတ်သမိုင်းကို ပြန်ကြည့်လျှင် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထုကြားမှ ပေါက်ဖွားလာခြင်းဖြစ်သည်ကို တွေ့ရှိနိုင်သည်။ ဖက်ဆစ်တော်လှန်ရေး၊ အရင်းရှင်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးတို့တွင် ပြည်သူနှင့်အတူ လက်တွဲတွန်းလှန် ရုန်းကန်ကြိုးပမ်းခဲ့သလို နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နယ်ချဲ့ပယောဂဖြင့် ပေါ်ပေါက်လာသည့် ပြည်တွင်းသောင်းကျန်းမှုများကို ရှိသည့်အင်အား၊ ချို့ငဲ့သည့် လက်နက်ခဲယမ်း၊ စစ်ယာဉ်ယန္တရားများကိုစုစည်းကာ နိုင်ငံမပြိုကွဲအောင်၊ ရရှိပြီးစ လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးအောင် ပြန်လည်တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်တွင် ပြည်တွင်း ပြည်ပရန်များကို ကာကွယ်ရန်အတွက် အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရခြင်းပင်ဖြစ်သည်။
Mar 08, 2023
“တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံသူနိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရေးပင်ဖြစ်သည့်အတွက် မိမိတို့တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မတ်လ ၆ ရက်နေ့တွင် ကလောတပ်နယ်၌ ပြောကြားခဲ့သည်။
Mar 08, 2023
နိုင်ငံတော်တွင် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ကို အကောင်အထည်ဖော်လျက်ရှိရာ သီးနှံစိုက်ဧက ၃၃ သန်းတွင် သီးထပ်၊ သီးညှပ်များစိုက်ပျိုးခြင်းဖြင့် ပိုမိုထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးတွင် ရေသည်မရှိမဖြစ်အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့်အလျောက် အလဟဿမဖြစ်အောင် အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင်ရန် လိုအပ်လျက်ရှိသည်။
Mar 07, 2023
“ဓမ္မဝိနယ”ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ် သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များရှိနေသမျှ မြတ်စွာဘုရားလည်း ရှိနေမည်ဖြစ်၍ သာသနာတော်လည်း ရှိနေမည်ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ကွယ်ပျောက်ပါက မြတ်စွာဘုရားကွယ်ပျောက်ပြီး သာသနာလည်း ကွယ်မည်ဖြစ်သည်။
Mar 07, 2023
စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လယ်ယာမြေများ အဆင့်မြင့်မားရန်လိုသည်။ မိမိတို့နိုင်ငံတွင် မိရိုးဖလာအားဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ကြရာတွင် တောင်သူလယ်သမားအများစုက လုပ်ကွက်ငယ်များကိုသာ ပိုင်ဆိုင်ကြကာ တစ်ကွင်းတစ်စပ်တည်းတွင် ပိုင်ဆိုင်မှုအရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့်တည်ရှိနေသည့် လယ်ယာမြေကွက်များ၌ စိုက်ပျိုးလုပ်ကိုင်နေကြခြင်း ဖြစ်သည်။
Mar 05, 2023
တပေါင်းလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်အခါတော်နေ့ဖြစ်သည်။ ကာဠုဒါယီမထေရ်က မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူပါရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ ကပိလဝတ်ရွှေပြည်တော်ဝင်ရန် ကာဠုဒါယီမထေရ် လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့သည်။
Mar 05, 2023
တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းမှ နွေအကူး၊ ဆောင်းတစ်ဝက် နွေတစ်ဝက်လဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီကုန်ဆုံးပြီဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ နွေသို့ကူး၍ နွေဦးပေါက်ပြီဖြစ်သည်။