Skip to main content
Mar 19, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုပြီးစီးခဲ့ကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ ကျောင်းသား ၁၆၀၀၀၀ ကျော်ရှိခဲ့ရာ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းအရ ယင်းတို့အနက်မှ ထက်ဝက်နီးပါးခန့် သို့မဟုတ် သုံးပုံတစ်ပုံနီးပါးခန့်တို့သည် တက္ကသိုလ်အသီးသီးတို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သည်။
Mar 18, 2023
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ပသွင်းကုန် အစားထိုးပြည်တွင်းထုတ်ကုန်များကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ ယခင်က ပြည်ပသွင်းကုန်များအား ပိုမိုတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့သည်။ ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ပြည်ပမှနှစ်စဉ်မှာယူတင်သွင်းခဲ့ရာတွင် ပြည်တွင်းလိုအပ်ချက်များသည့် သံ၊ သံမဏိနှင့် စက္ကူများကို ပြည်ပမှ မှာယူနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမျာ များပြားနေသည်။
Mar 17, 2023
မြန်မာ့တပ်မတော်သည် ရှေးအစဉ်အဆက် သမိုင်းကြောင်းအစဉ်အလာ ထူးကဲကောင်းမွန်ခဲ့သည့်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွင် ပြည်သူတို့နှင့်လက်တွဲကာ လွတ်လပ်ရေးကိုရယူပေးခဲ့သည်။ လွတ်လပ်ရေးရပြီးသောအခါတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။
Mar 17, 2023
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်မှစ၍ ပြန်လည်ရေတွက်လျှင် မြန်မာ့တပ်မတော်၏သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွင် သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် လွတ်လပ်ရေးထိန်းသိမ်း စောင့်ရှောက်မှုအတွက် ပြည်တွင်းပြည်ပ ရန်အသွယ်သွယ်တို့ကို လည်း ကာကွယ်ခဲ့ရသည်။ မျက်မှောက်ကာလတွင် တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းရွက်လျက်ရှိသည်။
Mar 16, 2023
တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်များနှင့်မူဝါဒများကို အကောင်အထည်ဖော်ရာရောက်သကဲ့သို့ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။
Mar 16, 2023
မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးရခြင်းသည် ကူးစက်ရောဂါများထက် ပိုမိုများပြားလျက်ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က သေဆုံးသူ ၁၀၀ လျှင် ၄၅ ဦးခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ ၅၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် သို့ ရောက်သောအခါ ၇၅ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာ သည်ဟုလည်း ဆိုသည်။
Mar 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” လူမှုရေးဦးတည်ချက်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူများ သက်ရှည်ကျန်းမာရေးကို ဆောင်ရွက်ပေးရာ၌ အစားအသောက်များ ဘေးကင်းလုံခြုံစိတ်ချရေးသည် အရေးကြီးသောအချက်ဖြစ်သည်။
Mar 14, 2023
လာမည့်မိုးရာသီ ဇွန်၊ ဇူလိုင် သစ်ပင်စိုက်ပျိုးရေးလများတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်များကို ပြုစုပျိုးထောင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြား မြို့ရွာများတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ်သစ်ပင်ပေါင်း သန်းနှင့်ချီ၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးလျက်ရှိသော်လည်း “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဟူသော ဆောင်ပုဒ်ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်မှုမှာ အားနည်းလှသည်။
Mar 13, 2023
နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးနယ်ပယ်အသီးသီးမှပညာရှင်များ ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့်ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ်စုံမှ ပညာရှင်များ ပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့်ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ်များဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို ကျင်းပနေပြီဖြစ်သည်။
Mar 13, 2023
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ဖြစ်သည့် လမ်းမတော်မြို့နယ်တွင် ကွတ်ကီးမုန့်များအတွင်း ဆေးခြောက်များထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချသူနှစ်ဦးကို ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိခဲ့သည်။ ဤသည်မှာ လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထားကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွင် နောက်ဆုံးပေါ်ထွက်လာသည့် ပုံစံတစ်မျိုးဖြစ်ပြီး အခြားမူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာတွင်လည်း အိုင်တီနည်းပညာကိုအသုံးပြု၍ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများထံ ဆက်သွယ်ချဉ်းကပ်ဖွယ်ရှိသည်ဟု သတိပြုစရာပင်ဖြစ်သည်။