Jan 28, 2023
ပစ္စက္ခကာလ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးသော လိုအပ်ချက်ဟုဆိုလျှင် ငြိမ်းချမ်းရေးဟူ၍သာ ဖြေဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအားလုံးအတွက် တစ်ခုတည်းသောအဖြေဟုပင် ဆိုနိုင်သည်။ မိမိတို့နိုင်ငံလွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည်ဒုတိယ၊ လွတ်လပ်ရေးသည်တတိယဟု ကြွေးကြော်ခဲ့ကြသလိုပင် မျက်မှောက်ကာလ၌လည်း ငြိမ်းချမ်းရေးသည်ပထမ၊ ငြိမ်းချမ်းရေးသည်ဒုတိယ၊ ငြိမ်းချမ်းရေးသည်တတိယဟု သန္နိဋ္ဌာန်ချကာငြိမ်းချမ်းရေးကို လိုလားသူပြည်သူလူထုကြီး၏ အင်အားကိုပါရယူ၍ နိုင်ငံတစ်ဝန်းငြိမ်းချမ်းစေရန် ကြိုးပမ်းသွားကြရမှာလည်း ဖြစ်သည်။
Jan 27, 2023

‘မာရ’ဟူသော ပါဠိစကား၏ အနက်အဓိပ္ပာယ်မှာ ‘သေခြင်း၊ သေစေခြင်း’ ဟူ၍ဖြစ်သည်။ သတ္တဝါများ သေရခြင်း၊ သေခြင်း မကင်းရခြင်းသည် ‘မာရ်ငါးပါး’ ဖြစ်သော ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်တို့ကို အကြောင်းခံသည်။ ‘မာရဝိဇယ’ ဟူသည် မာရ်ငါးပါးတို့ကို အောင်မြင်ခြင်းဟူသော အနက်အဓိပ္ပာယ်ပင်ဖြစ်သည်။
Jan 25, 2023
မြန်မာနိုင်ငံသည် ရှေးပဝေသဏီကာလကတည်းက တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော် စုစည်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်မှုအားမာန်များဖြင့် အခိုင်အမာတည်ဆောက်နိုင်ခဲ့သောကြောင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နေထိုင်နိုင်ခဲ့သည်။ သို့သော် တိုင်းပြည်အင်အားတောင့်တင်းခိုင်မာမှုလျော့နည်းပြီး စည်းလုံးညီညွတ်မှုအားနည်းသော ကာလများတွင် တိုင်းတစ်ပါးက ဝင်ရောက်စွက်ဖက်ကျူးကျော်မှုကြောင့် သူ့ကျွန်ဘဝကျခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။
Jan 25, 2023

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှစ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဆက်စပ်နယ်မြေအတွင်းရှိ ကျေးရွာ ၂၂ ရွာမှ ပြည်သူတို့၏ အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ခံခဲ့ရသည်။ အဆိုပါ ရွာများသည် ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ အင်းတော်မြို့ နယ်များအတွင်းတည်ရှိသည့် ကျေးရွာများဖြစ်ပြီး အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်လအတွင်း ၂၃ ကြိမ် မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
Jan 23, 2023
ပစ္စုပ္ပန်တွင် မြန်မာနိုင်ငံသည် ထူးခြားသော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများ နိုင်ငံအတွင်းရှိ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသကဲ့သို့ အဖျက်အင်အားစုများက ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေး၊ အမျိုး၊ ဘာသာ၊ သာသနာနှင့်
Jan 22, 2023

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်ကြမည့်ကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
Jan 22, 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့သည် တရုတ်ရိုးရာလ ပြက္ခဒိန်အရ ကျားနှစ်မှ ယုန်နှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနေ့ဖြစ်သည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီ လေးခုရှိသည့် တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်သည် နွေဦးပွဲတော်လည်းဖြစ်ပြီး အားလပ်ရက်ရှည်ကာလလည်း ဖြစ်သည်နှင့်အညီ လှပခမ်းနားသည့် ပွဲသဘင်များ၊ မိသားစု စုံညီပြန်လည်တွေ့ဆုံကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် လွန်စွာစည်ကားလျက်ရှိသည့် အချိန်အခါလည်း ဖြစ် သည်။
Jan 21, 2023
မျက်မှောက်ကာလ၌ အအေးပိုနေသည်မှာ ရာသီဥတုဖောက်ပြန်ခြင်းမဟုတ်ဘဲ မြန်မာတို့၏ ရာသီသဘာဝဆောင်းကာလ၏ အတွေ့အထိကို ပီပြင်ခံစားနေရခြင်းသာဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များနှင့် တွေ့ကြုံခဲ့ရသော်လည်း ယခုကာလတွင် နွေ၊ မိုး၊ ဆောင်းဥတုသုံးလီကို ပီပြင်စွာကြုံတွေ့ခံစားရသဖြင့် ကောင်းခြင်းလက္ခဏာပင်ဖြစ်သည်။ ဥတုရာသီကောင်းမွန်ခြင်း၊ ဆန်ရေစပါးပေါများခြင်းသည် တိုင်းပြည်သာယာဝပြောသည့် လက္ခဏာဖြစ်၏။
Jan 21, 2023

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းတွင် ချယ်ရီပန်းပွဲတော် (၂၀၂၃)ကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ ကျင်းပလျက်ရှိသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျိုင်းတုံနှင့် လွိုင်မွေသည် ချယ်ရီမြို့တော်၊ ချယ်ရီမြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်သကဲ့သို့ ချယ်ရီပန်းသည်လည်း လွိုင်မွေ၏ အထိမ်းအမှတ်သင်္ကေတဖြစ်လာမည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းခြင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် ကမ္ဘာကျော်သည်အထိ အောင်မြင်ထင်ရှားလာမည်ဟု ယုံကြည်မိသည်။
Jan 19, 2023
ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။