Nov 04, 2023
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော အမျိုးသားတပ်မတော်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် ပြည်သူလူထုနှင့်အတူလက်တွဲပြီး အသက်သွေးချွေးများပေးဆပ်ကာ ရယူပေးခဲ့သည်။ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးကို အစဉ်အမြဲသက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော အစဉ်အလာရှိသည့် တပ်မတော်ဖြစ်သည်။
Nov 04, 2023
မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် ၁၀၄ ဘီလီယံခန့်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ မြန်မာ့တပ်မတော်(ရေ)က အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများက မူးယစ်ဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြုသယ်ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများအရ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ပမာဏများပြားစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
Nov 03, 2023
ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် တစ်နေ့တခြားဖွံ့ဖြိုးတိုးတက်လာရာ အခြေခံလူမှုဘဝဝန်ဆောင်မှုများမှ အာကာသပညာရပ်များအထိ အသုံးတွင်လာခဲ့သည်။ အွန်လိုင်းနည်းပညာစနစ်များ၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုစနစ်များ စသည်တို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးကဏ္ဍများတွင် ကျယ်ပြန့်စွာဖြစ်ထွန်းလာသည်။ ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုသည် ကောင်းကျိုးများနှင့်အတူ ဆိုးကျိုးများလည်း ယှဉ်တွဲပါလာသည်ကို နိုင်ငံအများတွေ့ရှိလာကြသည်။
Nov 03, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့်နယ်စပ်ဒေသများသို့ KIA ၊ MNDAA ၊ TNLA တို့ ပူးပေါင်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ တပ်မတော်ကလုံခြုံရေးအရ ပြန်လည်တိုက်ခိုက်မှုများ ဆောင်ရွက်နေရသည်ကိုတွေ့ရသည်။ အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အွန်လိုင်းတွင် သတင်းတု၊ သတင်းမှား များစွာတို့ကို လွှင့်တင်နေကြပြီး နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားရေးနှင့် ပြည်သူလူထုအတွင်း ထိတ်လန့်ခြောက်ခြားမှုများ ဖြစ်ပေါ်စေရေးတို့အတွက် မသမာသူများက ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိနိုင်သည်။
Nov 02, 2023
အရွယ်ရောက်ပြီးသူအားလုံးလိုလိုမှာ သွားကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုခုရှိနေ တတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် နိုင်ငံအတော်များများ၌ လူတစ်သိန်း လျှင် တစ်ဦးမှ ၁၀ ဦးအထိ ခံတွင်းကင်ဆာခံစားနေရသည်ဟုလည်း ဆိုရာ ဆေးလိပ်နှင့်ဆေးရွက်ကြီး(ကွမ်းယာ) သုံးစွဲမှုနှုန်း မြင့်မားသည့် မိမိတို့နိုင်ငံလည်း ပါဝင်နေမည် မုချဟု ဆိုနိုင်သည်။ ထို့အပြင် သွားနှင့်ခံတွင်းရောဂါများသည် မကူးစက်နိုင်သော ရောဂါများနှင့်လည်း ဆက်နွှယ်လျက်ရှိရာ မြန်မာနိုင်ငံတွင် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာနှင့် ကုသမှုနယ်ပယ်တို့တွင် ပိုမိုဖွံ့ဖြိုးတိုး တက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ မြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
Nov 01, 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များ နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှု၏ ဂုဏ်သိက္ခာကို အလေးအနက်ပြု တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကျင်းယှဉ်ပြိုင်ခဲ့ကြပြီးနောက် ယနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဂုဏ်ယူဖွယ်ရာ ကျင်းပနေသည်။
Nov 01, 2023
အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုဟူသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို လေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကိုသာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးနွယ်အလိုက်၊ ဒေသအလိုက် မတူညီမှု၊ ကွဲပြားခြားနားမှုများကို ညီညွတ်အောင်စုစည်းပေးသောအရာမှာ အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုပင်ဖြစ်သည်။
Oct 31, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုများသာမက ဒုစရိုက်မှုများကိုပါ ထိရောက်စွာတိုက်ဖျက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပမှ ဝိသမလောဘသားများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများအား နယ်စပ်ဒေသအချို့၌သာမက ပြည်တွင်း၌ပါ ပြုလုပ်မှုများကို အရေးယူသည့်သတင်းများ တွေ့ရသည်။
Oct 31, 2023
နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း (National Livestock Baseline Survey)ကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လတိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၅ မြို့နယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကွက်ပြည့်ကောက်ယူပြီး စီးပွားဖြစ် မွေးမြူရေးခြံများကို ရာခိုင်နှုန်းပြည့်စာရင်းကောက်ယူသွားမည်ဟု သိရသည်။
Oct 30, 2023
မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာပွဲတော်တစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်ကို ကြိုဆိုသည့်အနေဖြင့် ဆီမီးထွန်းပူဇော်သည်ကို အကြောင်းပြု၍ အစဉ်အလာမပျက် သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်လာပေသည်။
